အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယူကရိန်းကို ချော-က်တွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲ-ချနေ

0
286

အနောက်နိုင်ငံများ၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားအတွက် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကယူကရိန်းနိုင်ငံနှင့် နိုင်ငံသားများအား ချော-က်အတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဆွဲ-ချနေခြင်းဖြစ်ကြောင်းရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် Vasily Nebenzya က ပြောကြားခဲ့သည်။

“အနောက်ပထဝီဝင်နိုင်ငံရေး အကျိုးစီးပွားအတွက် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဟာ ယူကရိန်းနိုင်ငံကို ပဋိပက္ခဆိုတဲ့ချေ-ာက်ကြီးထဲ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆွဲခေါ်လာနေပြီး အဲဒီနိုင်ငံကို ကြေးစားစစ်သားတွေသာမက သင်တန်းဆရာတွေကိုလည်း စေလွှတ်နေပါတယ်” ဟု Nebenzya က ပြောကြားခဲ့သည်။

“သေချာတာကတော့ သူတို့ဟာ ရုရှားလေကြောင်းတပ်ဖွဲ့တွေအတွက် တရားဝင်ပစ်မှတ်တွေ ဖြစ်လာမှာပါပဲ။ ရလဒ်အနေနဲ့ အနောက်နိုင်ငံတွေက တောင်တွေပေါ်မှာ လမ်းလျှောက်ရင်း ဒါမှမဟုတ် တိုက်ပွဲဝင်ရင်း နှလုံးဖောက်ပြီး ‌ေ-သဆုံးသွားတဲ့ အဆင့်မြင့် စစ်အရာရှိတွေရဲ့ နာရေးကိစ္စတွေကို ပိုပိုပြီး မြင်လာကြရမှာ ဖြစ်ပါတယ်” ဟု သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယူကရိန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံခြား စစ်မှုထမ်းများ နေ့စဉ် ဒါဇင်နှင့်ချ်ီ၍ ‌ေ-သဆုံးနေရကြောင်းကိုလည်း Nebenzya က က ပြောသည်။ “အဲဒီလို ဖြစ်ရပ်မျိုးရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ပတ်သက်ပြီး အနောက်နိုင်ငံတွေက လုပ်ဖော်ကိုင်ဖက်တွေကို ထပ်ခါတလဲလဲ သတိပေးခဲ့ပါတယ်။ အခုအချိန်အထိတော့ စစ်မျက်နှာနဲ့ ယူကရိန်းနိုင်ငံရဲ့ အနာဂတ်ဟာ ပျက်စီးပြီးရင်း ပျက်စီးနေပါတယ်” ဟုလည်း Nebenzya ကဆက်ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here