ဂျပန်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရ

0
85

တိုကျို၊ဇူလိုင် ၂၆

ဂျပန်နိုင်ငံ၌ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ချောင်းများ ကမ်းပါးပြိုကျကာ တံတားများနှင့် ကားများမျောပါသွားသဖြင့် ဂျပန်မြောက်ပိုင်းရှိ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေခဲ့ရကြောင်း တာဝန်ရှိသူများနှင့်မီဒီယာများကပြောကြားခဲ့သည်။

ဟွန်ရှူးကျွန်းရှိ ရာမဂတနှင့် အခိတစီရင်စုများတွင် မိုးရွာသွန်းပြီးနောက် အနည်းဆုံး လူတစ်ဦး‌ေ-သဆုံးပြီး လေးဦးပျောက်ဆုံးနေကြောင်းလည်းသိရသည်။

ယူဇဝါမြို့ရှိ လမ်းများပြိုကျပြီးနောက် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးပျောက်ဆုံးနေပြီး အသက် ၈၆ နှစ်အရွယ် ကျန်အမျိုးသားတစ်ဦးကိုမူ အခိတမြို့မြစ်ကမ်းပါးတွင် နောက်ဆုံးတွေ့မြင်ခဲ့ရပြီး ပျောက်ဆုံးနေသေးကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ထို့ပြင် ရုပ်အလေ-ာင်းတစ်လေ-ာင်းကိုမူ အခိတမြို့၌ တွေ့ရှိခဲ့ကြောင်း မီဒီယာများကဖော်ပြခဲ့ပြီး ရာမဂတရှိ မြစ်နှစ်စင်း ကမ်းပါးပြိုကျမှုကြောင့်လည်း ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ရဲအရာရှိနှစ်ဦးအပါအဝင် လူ သုံးဦးပျောက်ဆုံးနေပြီး စာရင်းမရှိသေးကြောင်းပြောကြားခဲ့သည်။

အာဏာပိုင်များက လူပေါင်းနှစ်သိန်းကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အကြံပြုချက်များ ထုတ်ပြန်ခဲ့ကြောင်း မီးသတ်နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီကပြောကြားခဲ့ပြီး လူပေါင်း ၄,၀၀၀ ထက်မနည်းကိုမူ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းခဲ့ရကြောင်းလည်း NHK ကဖော်ပြခဲ့သည်။

အိမ်ထောင်စု ၃,၀၆၀ ခန့် လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး အိမ်ခြေ ၁,၁၀၀ တွင် သောက်သုံးရေမရရှိသေးကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/ဇက်အယ်လ်


LEAVE A REPLY

Please enter your comment!
Please enter your name here