ပဲခူးမြစ်ရေမြင့်တက်လာသဖြင့် ပဲခူးမြို့ ကျောက်ကြီးစုတာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေး သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ

0
76

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်လာသဖြင့် ကျောက်ကြီးစု တာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေး သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသ ည်။

ပဲခူးမြို့နယ်၊ ကျောက်ကြီးစုရပ်ကွက်ရှိ ကျောက်ကြီးစုတာဘောင်ကြံ့ခိုင်ရေးနှင့် ပန်းလှိုင်ရပ်ကွက်ရှိ ပန်းလှိုင်တာဘောင်ကြံ့ခိုင်ရေး ဇူလိုင် (၂၅)ရက်နှင့် ဇူလိုင် (၂၆)ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ သဲအိတ်များဖြင့် တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ပဲခူးမြစ်ရေမှာ ပဲခူးမြို့ စိုးရိမ်ရေအမှတ် ၂၈.၈၇ ပေ (၈၈၀) စင်တီမီတာ အောက် ၄ လက်မခန့် (၉ စင်တီမီတာ) တွင် ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့ ဇူလိုင် (၂၆)ရက်၊ နေ့လယ်ပိုင်းက ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ မြစ်ရေမှာ နောက် (၁)ရက်အတွင်း ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်သို့ ကျော်လွန် ရောက်ရှိနိုင်သဖြင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုး/ဇလမှ အကြံပြုထု တ်ပြန်ထားသည်။

ထို့ပြင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေရာမှ အားအလွန် ကောင်းနေသောကြောင့် နောက်(၂)ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here