သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်လာ၍ အခြေခံ ပညာကျောင်းပေါင်း (၃၇) ကျောင်းအထိ ထပ်တိုးပိတ်ထားလိုက်ရ

0
183

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်လာ၍ ကျောင်းဝန်းများအတွင်း ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း(၃၇)ကျောင်းအထိ ထပ်တိုးကာ ယာယီပိတ်ထားလိုက်ရကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းများအတွင်း ရေဝင်ရောက်ခြင်း၊ ဆရာ/ ဆရာမများ၊ ကျောင်း သား / ကျောင်းသူများ သွားလာရာတွင် အခက်အခဲရှိခြင်း၊ အန္တရာယ်ရှိနိုင်ခြင်းတို့ကြောင့် ကျောင်းများ ယာယီပိတ်ထားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်၍ ရေဝင်ရောက်မှုကြောင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကွင်းပေါက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ခေနန်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရေလဲကြီး၊ အခြေခံပညာအလယ်တန်းကျောင်း (ညောင်ကွင်းအလယ်စု)၊ အခြေခံ ပညာအလယ်တန်းကျောင်း (ကြာကန်)၊ အခြေခံပညာအလယ်တန်းကျောင်း (သရက်တော)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ဒည်ကုန်း)၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သင်္ကန်းပင်ဆိပ်)၊ အခြေခံပညာမူလတန်းကျောင်း (တင်းကုတ်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း (လက်ခုပ်ရွာသစ်)၊ အခြေခံပညာမူလတန်းကျောင်း (ရွှေလှေကွင်း)၊ အခြေခံ ပညာမူလတန်းကျောင်း (အင်းကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သစ်ပုတ်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ဘုရားကြီး)၊အခြေခံပညာမူလတန်းကျောင်း (လိန်ကုန်း) ၊ အခြေခံပညာမူလတန်းကျောင်း (အငူကြီး)၊ အခြေခံပညာမူလတန်းကျောင်း (မယင်းချောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဂွေးတောက်ကွင်း)၊ အခြေခံပညာမူလတန်းကျော င်း (ဆိပ်ကြီးပေါက်လွတ်)၊ အခြေခံပညာမူလတန်းကျောင်း (မာလကာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ကတတ်ရိုး) ကျောင်းတို့ (ဇူလိုင် (၂၂) ရက်မှ ဇူလိုင် (၂၆) ရက်ထိ) ယာယီပိတ်ထားရကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် (၂၃) ရက်တွင် အခြေခံပညာမူလတန်းကျော င်း (သစ်ဆိမ့်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သရက်ကုန်း)၊ အခြေခံပညာမူလတန်းကျောင်း (သာယာကုန်း)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (သောင်ရွာ) ကျောင်းတို့ ထပ်မံပိတ်ထားခဲ့ရကြောင်း သိရသည်။

ဇူလိုင် (၂၄) ရက်တွင် အခြေခံပညာအထက်တန်းကျောင်း (ဘုရားကုန်း)၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဆောင်ဘုံ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) လဟာဂမုံ၊ အခြေခံပညာမူလတန်းကျောင်း (လေးအိမ်တန်း)၊ အခြေခံပညာ မူလတန်းကျောင်း (သုံးအိမ်စု)၊ အခြေခံပညာမူလတန်းကျောင်း (ကျွန်းပုလု)၊ အခြေခံပညာမူလတန်းကျောင်း (ဝဲကြီးဒေါင့်)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ညောင်ကုန်းလေး)တို့ ထပ်မံ ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

ဇူလိုင် (၂၅) ရက်တွင် အခြေခံပညာမူလတန်းကျောင်း (ဂွတော)၊ အခြေခံပညာမူလတန်းကျောင်း (သံပရာချောင်)၊ အခြေခံပညာမူလတန်းကျောင်း (ဆည်ကြီး)၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) (ငှက်စပ်ကျွန်း)တို့ ယာယီပိတ်ထားလိုက်ရကြောင်း သိရသည်။

ကျောင်းများ ပိတ်ထားရသည့် ရက်များတွင် မသင်ကြားခဲ့ရသည့် သင်ခန်းစာများ အခက်အခဲ မဖြစ်စေရန် မြစ်ရေများ ပြန်လည်ကျဆင်းသည့်အခါ အပတ်စဉ် တနင်္ဂနွေနေ့တွင် ပြန်လည် အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် မိုးရွာသွန်းမှုနှင့် ငဝန်၊ တိုး၊ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် (၁၅)ရက်မှ စတင်ပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကာ မြန်အောင်မြို့နယ်တွင် (၃၈) ကျောင်း၊ ကြံခင်းမြို့နယ်တွင် (၈) ကျောင်း၊ လေးမျက်နှာမြို့နယ်တွင် (၅)ကျောင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် (၅) ကျောင်း၊ မအူပင်မြို့နယ်တွင် (၂၂) ကျောင်း၊ လက်ရှိ သာပေါင်းမြို့နယ်တွင် (၃၇) ကျောင်းအထိကို ဩဂုတ်လ ပထမပတ်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here