နစကဒုဥက္ကဌနှင့် ရုရှားနိုင်ငံ သံအမတ်ကြီးတို့ အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး

0
265

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Is-kander Azizov အား ဇူလိူင် ၂၆က လက်ခံတွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နစကဒုဥက္ကဌသည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးအား နေပြည်တော်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် အထူးစီးပွားရေးဇုန်၌ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ထွန်းတိုးတက်မှုများအပေါ် ရုရှားနိုင်ငံသတင်းမီဒီယာများမှ ပိုမိုဖော်ပြပေးလိုမှု အပါအဝင်နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခြင်းနှင့် သံအမတ်ကြီး၏ သိလိုသည့် အချက်အလက်များအား ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်ဟု သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here