သံလွင်မြစ်ရေ ဆက်လက်မြင့်တက်လာ၊ အနိမ့်ပိုင်း ရပ်ကွက်အားလုံးနီးပါးရေနစ်မြှပ်

0
75

ဘားအံမြို့၊ သံလွင်မြစ်ရေဆက်လက်မြင့်တက်လာမှုကြောင့် မြို့၏ အနိမ့်ပိုင်းရပ်ကွက်များအားလုံး ရေနစ်မြှပ်နေပြီဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ‌ယနေ့တွင်ပြောသည်။

သံလွင်မြစ်ရေသည် ယခု ဇူလိုင်လ (၂၄)ရက်မှစတင်၍ တစ်ဖြည်းဖြည်းမြင့်တက်ရာ ယနေ့ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းအချိန်တွင် မြစ်ရေမှာ(၉၀၀)စင်တီမီတာသို့ ရောက်ရှိနေကာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။

ယင်းအတွက် မြို့ပေါ်ရေနစ်မြှပ်နေသော နေအိမ်များရှိ ဒေသခံများအား ကယ်ဆယ်ရေးအဖွဲ့များက ကူညီရွှေ့ပြောင်းပေးမှုများ လုပ်ဆောင်နေရပြီး၊ နေအိမ်အတွင်း ပိတ်မိနေသူနှင့် အသက်‌ေ-သဆုံးမှုများ မရှိကြောင်း မြေပြင် လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကဆိုသည်။

“ဒီနေ့ ရေထပ်တိုးလာနေတယ်။ အခု ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တယ်။ အမှတ်(၂)နဲ့ အမှတ်(၅)က အခြေအနေပိုဆိုးတယ်။ မနေ့ (၈၈၇) စင်တီမီတာကနေ အခု (၉၀၀) စင်တီမီတာကို ရောက်နေပါတယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ဒေသခံပြည်သူများအား မြို့တွင်းကယ်ဆယ်ရေးစခန်း(၆)ခုသို့ အသုတ်လိုက် ပို့ဆောင်ပေးနေပြီး၊ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများကလည်း လိုက်လံ ကြပ်မတ် ကြည့်ရှု့ပေးလျက်ရှိကြောင်း သိရသည်။

သံလွင်မြစ်ရေသည် နောက်တစ်ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်မြင့်တက်တိုင်ပြီး စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ယနေ့တွင် အသိပေးထားသည်။

ဓာတ်ပုံ-saw chaint Phaung


LEAVE A REPLY

Please enter your comment!
Please enter your name here