စမ်းချောင်းတွင်အုတ်တံတိုင်းပြိုကျ၍ ကားခြောက်စီး ပိမိ

0
73

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ ဇူလိုင် ၂၇ ၌အုတ်တံတိုင်းပြိုကျ၍ ကားခြောက်စီးပေါ် ပိမိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်သည် ကျွန်းတောတောင်ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်းတောင်ရပ်ကွက်ရှိ ကျွန်းတောလမ်း၊ ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်းပြိုကျမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အနီးတွင်ရပ်ထားသော ကား(၆)စီးပေါ်ပိမိခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ်ကို စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ရှိသည်။

လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရန်ကုန်မြို့အတွင်း ရေကြီး ရေလျှံခြင်း၊ သစ်ပင်များ လဲပြိုခြင်းများဖြစ်‌နေပြီး တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီး၌လည်း ရေလျှံနေသဖြင့် ကားများပိတ်နေသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here