မြဝတီ ရေကြီးမှုဖြစ်စဉ်အတွင်း (၂)နှစ်အရွယ် က-လေ-းငယ်တစ်ဦး အသက်ဆုံးရှုံး၊ တစ်မြို့လုံးအတိုင်းအတာအရ ဒေသခံရေဘေးသင့် ပြည်သူ(၅၀၀၀) ကျော်ရှိနေဟု ဆို

0
77

ထိုင်း-မြန်မာနယ်စပ် မြဝတီရေကြီးမှုဖြစ်စဉ်အတွင်း (၂)နှစ်အရွယ် က-လေ-းငယ်တစ်ဦး ရေနစ်‌ေ-သဆုံးပြီး၊ တစ်မြို့လုံးအတိုင်းအတာအရ ဒေသခံရေဘေးသင့် ပြည်သူ(၅၀၀၀) ကျော်ရှိနေကြောင်း ဒေသခံလူမှုကယ်ဆယ်ရေး တာဝန်ခံတစ်ဦးထံကသိရသည်။

အဆိုပါ ရေနစ်‌ေ-သဆုံးသည့် က-လေ-းငယ်အား မြဝတီပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး၊ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

” က-လေ-းက‌ ရေစီးနဲ့မျောလာလို့ ဆေးရုံကို လာပို့သွားတာ။ အခုတော့ ဘာ‌ကြောင့် ‌ေ-သဆုံးတယ်ဆိုတာကိုဆေးရုံက စစ်ဆေးနေပါတယ်။ ဘယ်ရပ်ကွက်ကလည်းဆိုတာလည်း မသိရသေးဘူး။”ဟု ရှင်းပြသည်။

မြဝတီမြို့ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်းငါးခုတွင် ခိုလှုံခွင့်ပြုထားပြီး၊ စားသောက်ရေးအပါအဝင် အဝတ်အထည်များပါ လိုအပ်နေကြောင်း သိရသည်။

” ရေက ခါးလောက်တော့ကျန်သေးတယ်။ ဒေသတာဝန်ရှိတဲ့သူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ၊ မြို့ခံတွေပေါင်းပြီး စားသောက်ရေးအတွက် လုပ်ပေးနေရတယ်။ မိုးကရွာနေတော့ အဝတ်အထည်တွေ လိုအပ်နေကြတယ်။ ဖျားနာကုန်မှာ‌ စိုးရတယ်။”ဟု နောက်ထပ်ကယ် ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ဒေသခံ ရေဘေးသင့် ပြည်သူများအား ကိုးနဝင်းဘုန်းကြီးကျောင်း၊ ဓမ္မရန်အောင်ကျောင်း၊ ဓိဌာန်အောင်‌ကျောင်း၊ ကြက္ခတ္တောကျောင်းနှင့် တောရကျောင်းများတွင် စခန်းဖွင့်လှစ်၍နေရာချပေးထားကြောင်းသိရသည်။

လက်ရှိ သောင်းရင်းမြစ်ရေမှာ အနည်းငယ် ပြန်လည်ကျဆင်းနေပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနေခြင်းကြောင့် ရေပြန်တက်လာဖွယ်ရှိသည်ဟု ဆိုသည်။

ယနေ့ ဇူလိုင်(၂၇)ရက် မိုးဇလ၏ အသိပေးချက်တွင် သောင်ရင်းမြစ်ရေသည် (၁၃၃၈)စင်တီမီတာတွင်ရောက်ရှိနေပြီး၊ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိ‌နိုင်ကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here