တိုင်ဖွန်း ဘေးသင့်ဖိလစ်ပိုင်ကို စင်္ကာပူကဒေါ်လာငါးသောင်းကူညီမည်

0
208

စင်္ကာပူ၊ဇူလိုင် ၂၆

စင်္ကာပူကြက်ခြေနီအဖွဲ့သည် တိုင်ဖွန်း ဂေမီ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ (စင်္ကာပူဒေါ်လာ ၆၇,၀၀၀) ထောက်ပံ့ရန်ကတိပြုထားကြောင်းသိရသည်။

အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် မနီလာမြို့တော်နှင့် အနီးတစ်ဝိုက်ရှိ မြို့ကြီးများကို ရေလွှမ်းမိုးခဲ့ပြီး အာဏာပိုင်များက ကျောင်းများ၊ရုံးများကို ပိတ်လိုက်ရကာ ဇူလိုင် ၂၄ ရက်၏လေကြောင်းခရီးစဉ်များကိုပါ ဖျက်သိမ်းခဲ့ရကြောင်းလည်းသိရသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမြေပြိုမှုများလည်းဖြစ်‌ပေါ်ကာလူ ၂၀ ကျော်‌ေ-သဆုံးခဲ့ပြီး ဖိလစ်ပိုင်ကုန်းတွင်းပိုင်းသို့ မဝင်ရောက်ခဲ့သော်လည်း ရာသီအလိုက် မုတ်သုံလေကို ပိုမိုအားကောင်းစေကာ လူပေါင်း ၁၃ သန်းနေထိုင်ရာ အဆိုပါဒေသတွင် သဘာဝဘေးအန္တရာယ်အခြေအနေအဖြစ်ကြေငြာခဲ့ရသည်။

စင်္ကာပူကြက်ခြေနီအဖွဲ့၏ပြောကြားချက်အရ လူပေါင်း ရှစ်သိန်းခြောက်သောင်းကျော် နေအိမ်များမှတိမ်းရှောင်နေရကြောင်းလည်းသိရသည်။

စင်္ကာပူကမူ ၎င်းတို့အနေဖြင့် အခြေအနေအား သုံးသပ်ကြည့်ရှုနေလျက်ရှိပြီး ဖိလစ်ပိုင်ကြက်ခြေနီအဖွဲ့နှင့်ချိတ်ဆက်ကာ လိုအပ်နေသူများအား ထိထိရောက်ရောက်ကူညီနိုင်ရေးအတွက် တိုင်ပင်ဆောင်ရွက်နေကြောင်းလည်းပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here