လာမည့်ဩဂုတ်လ၌ မိုဒီ ယူကရိန်းသွားမည်

0
143

နူးဒေလီ၊ဇူလိုင် ၂၇

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ရုရှား – ယူကရိန်းအရေးစတင်ပြီးချိန်ကတည်းက ပထမဆုံးအကြိမ်အဖြစ် လာမည့်ဩဂုတ်လတွင် ယူကရိန်းသို့သွားရန်အစီအစဉ်ရှိကြောင်းသိရှိရသည်။

မစ္စတာမိုဒီ၏ခရီးစဉ်ကို စီစဉ်နေပြီး ဩဂုတ်လ တတိယအပတ်လောက်တွင် ဖြစ်နိုင်ခြေရှိကြောင်း အိန္ဒိယသတင်းဌာန ဝိုင်ယိုတွင်ဖော်ပြထားသည်။

ယခုနှစ်အစောပိုင်းက ယူကရိန်းသမ္မတဇလန်းစကီးနှင့်မိုဒီတို့ ဖုန်းဖြင့်စကားပြောစဉ်ကလည်း ဇလန်းစကီးက မိုဒီအား ယူကရိန်းသို့လာရန်ဖိတ်ကြားခဲ့သည်။

ယခုလအတွင်း ယူကရိန်းနှင့်အိန္ဒိယနှစ်နိုင်ငံအကြား အဆင့်မြင့်ဖလှယ်မှုများကိုမြင်တွေ့ခဲ့ရပြီး ပြည်ပရေးရာဝန်ကြီး ဂျေးရှန်ကာနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတို့အပြင် အိန္ဒိယနိုင်ငံ‌တော်လုံခြုံရေးအကြံပေးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတို့သည်လည်း တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ဤဆွေးနွေးပွဲများအပြီး၌ မစ္စတာဂျေးရှန်ကာက ယခုဆွေးနွေးမှုများသည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတိုးတက်စေရန်အတွက် အဓိကထားဆွေးနွေးခဲ့ကြောင်းလည်း လူမှုကွန်ရက်တွင်ပြောကြားခဲ့သည်။

Source : သည်ကိဗ်အင်ဒီပန်းဒင့်တ်


LEAVE A REPLY

Please enter your comment!
Please enter your name here