မန်းချောင်းရေလှောင်တမံရေကျော်၍ အစိမ်းရောင်အလံစလွှင့်ထား

0
84

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံသည် စတင်ရေကျော်နေသောကြောင့် အရေးပေါ် အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူထားကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ယနေ့ ဇူလိုင်၂၇ရက် မနက် ၁၀ နာရီတိုင်းတာချက်အရ မန်းချောင်းရေလှောင်တမံသည် တမံအမြင့် ပေ ၆၄၀၊ ဆည်ရေပြည့် အမှတ် ၆၂၅ ပေ ရှိရာမှ လက်ရှိတွင် ၆၂၅ ဒသမ ၉ ပေ ကို ရောက်ရှိနေကာ ပင်မရေပိုလွှဲမှ ၀ ဒသမ ၉ ပေအမြင့် အဖြစ်စတင် ရေကျော်နေခြင်း ဖြစ်သည်။

ထို့ကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများသိရှိနိုင်ရန်အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအဆင့်(၁)အဖြစ် သတ်မှတ်ကာ တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နဲ့ ရှင်းလင်းဆောင်နေရာတွေ၊ မန်းချောင်းတမံဆည် ရေသောက်ဧရိယာ အတွင်းရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ အစိမ်းရောင်အလံ လွှင့်ထူထားတာဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွက်မူ တမံ၊ ရေထုတ်ပြွန်နဲ့ ဆက်စပ်အဆောက်အအုံတွေအားလုံး ကြံ့ခိုင်ကောင်းမွန်မှုရှိက ၂၄ နာရီ ရေကင်း တာဝန်ချထား၍ အနီးကပ်ကြီးကြပ်လျက်ရှိကြောင်းလည်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှ သိထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here