ရွှေ​စျေး၊ဒေါ်လာ​စျေးတက်လာ၊ ဈေးကွက်ဖွင့်နိုင်ခြင်းမရှိသေးဟုဆို

0
125

ပြည်တွင်းရွှေ ပြင်ပဈေးကွက်အတွင်း ရွှေတစ်ကျပ်သားသိန်း (၆၀) နှင့် အမေရိကန်တစ်ဒေါ်လာ (၅၀၀၀) ဟုဆို​နေကြ​သောကြောင့် ယနေ့နံနက်ပိုင်းအထိ ဈေးကွက်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

သင်္ကြန်ကာလအပြီး ရွှေနှင့်ငွေလဲလှယ်နှုန်း စံချိန်တင်မြင့်တက်လာပြီး သက်ဆိုင်သည့် အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခဲ့ပြီးနောက် ဈေးနှုန်းများပြန်လည်ကျဆင်းခဲ့သေးသည်။

သို့သော် ဇူလိုင်လဆန်းပိုင်းမှစတင်ကာ ရွှေနှင့်ငွေလဲလှယ်နှုန်းသည် တရိပ်ရိပ်မြင့်တက်လာကာ ယင်းကဲ့သို့ ဈေးများမြင့်တက်လာခြင်းကြောင်း အရောင်းအဝယ်ရပ်နားထားရကြောင်း သိရသည်။

​ရွှေ​စျေးမှာ နယ်စပ်တွင်လည်းမြင့်တက်​နေရာ ရန်ကုန်က ရည်ညွှန်း​စျေးချသတ်မှတ်ပါက ​ရွှေများက နယ်စပ်သို့ အ​ရောက်သွားကြမည်ဟုယူဆကြသည်။​တိုက်ပွဲအ​​ခြေအ​နေ၊လုံခြုံ​ရေးအ​ခြေအ​နေများ​ကြောင့်ရွှေတွင်းများမှထွက်ရှိ​သော ​ရွှေများကရန်ကုန်သို့ ဝင်လာနိုင်​ချေနည်း​နေသည်လည်းရှိသည်။

” အခုတော့ဈေးမဖွင့်နိုင်သေးဘူး။ မနေ့ကဈေးအတိုင်းပဲ။ တစ်ခုခုလှုပ်လှုပ်ခတ်ခတ်ဖြစ်ရင် ဈေးကတတ်လာတာပဲ။ ဒီဈေးနဲ့တော့ ဘယ်သူမှအရောင်းအဝယ်မလုပ်ဘူး” ဟု Money Changer တစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြင်ပဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းများမှာ ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်အထိ တစ်ဒေါ်လာ ကျပ် (၄၅၀၀) အောက်သာရှိခဲ့ရာမှာ ဇွန်လ (၂၃)ရက်မှစတင်၍ တစ်ဒေါ်လာ ကျပ် (၄၅၀၀) သို့ စတင်ရောက်ရှိခဲ့ပြီး၊ ဇူလိုင်လ (၂၇) ရက်တွင် တစ်ဒေါ်လာ ကျပ် (၅၀၀၀)ထိ ထပ်မံမြင့်တက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရှိ ဘဏ်တချို့ကို အရေးယူဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ဘဏ်များ၌ ငွေထုတ်ယူမှုများခဲ့သလို ဂယက်ရိုက်ခတ်မှုကြောင့် တစ်ဒေါ်လာ ကျပ် (၄၉၆၀) အထိ မြင့်တက်သွားသေးသည်။

ယင်းအပြင် ဗဟိုဘဏ်၏ Online Trading Platform ဈေးမှာ တစ်ဒေါ်လာ ၃၃၇၁ ကျပ်ဖြစ်ပြီး ပြင်ပငွေကြေးဈေးကွက်နှင့် (၁၆၀၀) ကျော် ကွာဟနေခြင်းဖြစ်သည်။

အလားတူ ရွှေဈေးနှုန်းသည်လည်းယခုရက်ပိုင်းတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ ဇူလိုင် (၁၉) ရက်တွင် ရည်ညွှန်းရွှေဈေး ၄၇၆၃၄၃၈ ကျပ် ၊ ပြင်ပရွှေဈေး ၅,၉၀၀,၀၀၀ ကျပ် ဖြစ်ပြီး ယနေ့ ဇူလိုင် (၂၇)ရက်တွင် ရည်ညွှန်းရွှေဈေး ၄,၅၉၂၂၆၃ ကျပ် ၊ ပြင်ပရွှေဈေး ၆၀၂၀၀၀၀ ကျပ် ဖြစ်ပြီး တစ်ပတ်အတွင်း ရွှေဈေး တစ်သိန်းကျော်မြင့်တက်လာကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here