နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီဆိုင်ပေါင်း ၉၀၀ ကျော်ကို စစ်ဆေးမည်

0
367

ယခုဘဏ္ဍာနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စက်သုံးဆီဆိုင်ပေါင်း ၉၀၀ ကျော်ကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် Mobile Fuel Lab ယာဉ်များဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် ဧပြီလ၊ မေလနှင့် ဇွန်လအတွင်း လက်ရှိဆိုင် (၃၅၄) ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များမှ စက်သုံးဆီဆိုင်များကို သတ်မှတ်ရည်ညွှန်းဈေးနှုန်း၊ သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီမှန်ကန်စွာရောင်းချခြင်းရှိမရှိကို Mobile Fuel Lab ယာဉ်အသုံးပြု၍ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး သတ်မှတ်ဈေး နှုန်းထက် ကျော်လွန်ကာ ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များကိုလည်း ရှောင်တခင် စစ်ဆေးအရေးယူမှုတွေပြုလုပ်နေကြောင်း ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယခုတစ်ပါတ် စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိသည့် စျေးနှုန်းများအရ ၉၂ တစ်လီတာ ၂၆၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ၂၇၇၀ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here