မိုင်းရယ်မြို့အနီး တန့်ယန်းလမ်းခွဲတွင် စစ်ဘေးရှောင်ပြည်သူများအား MNDAA က မှတ်ပုံတင်စစ်ဆေး၍ ဖမ်းဆီးမှုများလုပ်ဆောင်နေ

0
328

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ်၊ တန့်ယန်းလမ်းခွဲတွင် အထိုင်ချထားသည့် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဘေးရှောင်ပြည်သူများ၏ မှတ်ပုံတင်ကိူ စစ်ဆေး၍ မသင်္ကာစရာတွေ့ရှိပါက ဖမ်းဆီးမှုများလုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

လားရှိုး-ကျောက်မဲ ‌တိုက်ပွဲများ‌ကြောင့်ဒေသခံပြည်သူများ နေရပ်စွန့်ခွာရှောင်တိမ်းလာသည့်အပေါ် မိုင်းရယ်မြို့နယ် ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ ကိုးကန့် တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်မိတ်ဆွေတစ်ယောက်လည်း အစစ်ခံရတယ်။ ဖုန်းတွေ အိတ်တွေ ခန္ဓာ ကိုယ်တွေ အကုန်စစ်တယ်။ မသင်္ကာလို့ဖမ်းထားတဲ့သူတွေလည်းရှိတယ်တဲ့။ တန့်ယန်း ဘက်တွေက သူတို့နေရာလိုဖြစ်နေတာ။ ပြည်သူက တိုက်ပွဲဖြစ်လို့ပြေးပါတယ်ဆိုနေ သူတို့ဆက်ဆံပုံက တစ်မျိုးဘဲ”ဟု ကျောက်မဲဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်သည် ယခုဇူလိုင်လအတွင်းမှစ၍ ဂိတ်အထိုင်ချ စစ်ဆေးနေခြင်းဖြစ်ပြီး၊ မိုင်းရယ်မြို့နှင့် (၅)မိုင်ခန့်သာကွာဝေးကြောင်းသိရသည်။

လတ်တလော မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် တပ်မတော်စစ်ကြောင်းတို့ သွားလာလှုပ်ရှားနေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here