တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ယူနန်သို့သွားရောက်ခဲ့ကြသည့် နိုင်ငံရေးအစုအဖွဲ့ ဦးဆောင်ပါတီ ခေါင်းဆောင်များ ပြန်လည်ရောက်ရှိ

0
117

ယူနန်မြို့သို့ လေ့လာရေးခရီးစဉ်သွားရောက်ခဲ့ကြသည့် နိုင်ငံရေးအစုအဖွဲ့ ဦးဆောင်ပါတီ ခေါင်းဆောင်များ ဇူလိုင် (၂၇)ရက် မွန်းလွဲပိုင်းတွင်းပြန်လည်ရောက်ရှိကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးအတွင်း ကြုံတွေ့လာကြသည့် အတွေ့အကြုံများအား ယမန်နေ့ ညနေ (၅) နာရီတွင် ပြည်သူ့ပါတီဗဟိုဌာနချုပ်၌ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ စိုင်းသန်းထိုက်နှင့် ဒေါ်စန္ဒာဝင်းတို့က သတင်းမီဒီယာသမားများနှင့် တွေ့ဆုံကာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။

ယင်းခရီးစဉ်သို့ မထွက်ခွာမီအချိန်က ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ပြည်သူများလုံခြုံမှု မရှိဖြစ်ရသည့်အခြေအနေအပေါ် တရုတ်အစိုးရအား ရှင်းပြရန်ပြောရည်ရွယ်ထားသည်ဟု ပြောကြားထားသည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံရေးအစုအဖွဲ့ ဦးဆောင်ပါတီများဖြစ်ကြသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ ပြည်သူ့ပါတီနှင့် ရခိုင့်ဦးဆောင်ပါတီတို့မှ ပါတီဥက္ကဋ္ဌများအပါအဝင် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here