ကုန်သည်များ ၁ဝ ရာခိုင်နှုန်း ငွေကြိုသွင်းစနစ်ဖြင့် အရောင်းအဝယ်လုပ်ကြရန် ပွဲစားကုန်သည်စက်ပိုင်များအသင်း စီစဉ်

0
191

စောထွေး
မန္တလေး၊ စက်တင်ဘာ ၅

ပွဲစား ကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တ လေး)အနေနှင့် အသင်းဝင်ကုန် သည်များကြား အရောင်းအဝယ် ငွေကြေး ကိစ္စပြဿနာဖြစ်လာ ပါက နှစ်ဦးနှစ်ဖက် ဆုံးရှုံးနစ်နာမှု နည်းစေရန်  နှစ်ဦးသဘောတူ ၁ဝရာခိုင်နှုန်း ငွေကြိုသွင်းကာ အ ရောင်းအဝယ် လုပ်သည့်စနစ်ကို မကြာမီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြ စ်ကြောင်း သိရသည်။

”အရောင်းအဝယ်လုပ်မယ့် နှစ်ဖက်ကုန်သည် အချင်းချင်း ၁ဝ ရာခိုင်နှုန်း ငွေကြိုတင်ထားရမယ်။အဲဒီနည်းနဲ့ အရောင်းအဝယ် လုပ် ရမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချ လိုက်တယ်။ အဲဒီကိစ္စအတွက် အသင်းရဲ့ အကြံပေးရှေ့နေနဲ့လည်း စည်းမျဉ်းစည်းကမ်း ရေးဆွဲပြီးသွားပြီ။ မကြာခင်စတော့ မှာပါ”ဟု အသင်းတွဲဖက် အတွင်း ရေးမှူး၊ ပြန်ကြားရေးခေါင်းေ ဆာင် ဦးကျော်သွင်က ပြောသည်။

ကုန်သည်အချင်းချင်း ယုံ ကြည်မှုအရင်းတည်ကာ ကြိုပွိုင့် စနစ်ဖြင့် အရောင်းအဝယ် လုပ်နေ ကြသည့်အတွက် ဈေးနှုန်းအ ပြောင်းအလဲ အထူးသဖြင့် ဈေးနှုန်း အဆမတန်ထိုးကျ သွားသည်နှင့် ကြုံကြိုက်ပါက ငွေကြေးပြဿနာ ဖြစ်ပွားတတ်သဖြင့် အဆိုပါစနစ် ဖြင့် အရောင်းအဝယ်လုပ်ကြရန် အသင်းက ဦးဆောင်စီစဉ်လိုက်ရ ခြင်းဖြစ်ကြောင်း သိရသည်။

”ကုန်သည် အချင်းချင်း အရောင်းအဝယ် လုပ်ကြပြီဆိုပါ တော့၊ သိန်းတစ်ရာဖိုး အရောင်း အဝယ် လုပ်ကြပြီဆိုရင် ရောင်းတဲ့ သူက ၁ဝ သိန်းပေး၊ ဝယ်တဲ့သူက ၁ဝ သိန်းပေး၊ အဲဒါကို ကျွန်တော် တို့က ဘဏ်ထဲထည့်ထားမယ်။ ဈေးနှုန်း အတက်အကျကြမ်းလို့ တစ်စုံတစ်ရာ ပြဿနာဖြစ်ပြီဆိုရင်ဒီကြိုတင်ငွေနဲ့ပဲ ဖြတ်လိုက်မယ်။ ဆက်မလုပ်နဲ့တော့။ ဒါဆို ကြီးကြီး မားမား ပြဿနာဖြစ်မလာတော့ဘူး ပေါ့။

ရှုံးရင် ၁ဝ ရာခိုင်နှုန်းပဲရှုံး မယ်ပေါ့ဗျာ” ဟု ယင်းက ဆက်ပြော သည်။ယမန်နှစ်ကုန်ပိုင်းခန့်က ပဲ ဈေး ရုတ်တရတ် ထိုးကျခဲ့ရာမှဖြစ် ပွားခဲ့သည့် ငွေကြေးအရှုပ်အရှင်း ပြဿနာတွင် ကုန်သည် ၂၈ ဦး ဆုံးရှုံးနစ်နာခဲ့ရပြီး စုစုပေါင်း ငွေ ကျပ် သိန်းပေါင်း တစ်သောင်းလေး ထောင် ကျော်ခန့်အတွက် ရာခိုင် နှုန်း ၃ဝ ကျော်ခန့်သာ အချိုးကျခွဲ တမ်းဖြင့် ပြန်ရခဲ့ ကြောင်း၊ ငွေကြေး လိမ်လည်သွားမှုဟု သတင်းတချို့ ကရေးသား ဖော်ပြကြသော်လည်းပဲ အမှန်တကယ်အားဖြင့် ငွေကြေး ချွတ်ချော်မှုသာ ဖြစ်ကြောင်း အသင်းဝင် ကုန်သည် တချို့ပြော စကားအရ သိရသည်။ပွဲစားကုန်သည် စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေး) တွင် အသင်းဝင် ၃ဝဝဝ ကျော်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here