တူရကီသည် အစ္စရေးသို့ ဝင်ရောက်လာနိုင်ကြောင်း အာဒိုဂန်က သတိပေး

0
362

Nagorno-Karabakh နှင့် လစ်ဗျား တို့ကို ဝင်ရောက်သကဲ့သို့ တူရကီတပ်များသည် အစ္စရေးထဲသို့ ဝင်ရောက်လာနိုင်ကြောင်း တူရကီသမ္မတ အာဒိုဂန်ကသတိပေးခဲ့သည်။

“ကျွန်တော်တို့ Karabakh နဲ့ လစ်ဗျား ထဲကို ဝင်ခဲ့သလိုပဲ၊ သူတို့ [အစ္စရေး]ထဲကိုလည်း ဒီလိုပဲ လုပ်သွားလို့ရပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိပါဘူး။ အဲဒီလို ခြေလှမ်းတွေ လှမ်းနိုင်ဖို့ကတော့ ကိုယ့်ဖက်က ခိုင်မာဖို့ လိုပါတယ်” ဟု ၎င်းက Halk TV ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။

တူရကီခေါင်းဆောင်သည် ပါလက်စတိုင်းအား မည်သည့်နည်းဖြင့်မဆို ထောက်ခံရန် အဆင်သင့်ရှိကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တူရကီပါလီမန်သည် အဇာဘိုင်ဂျန်နိုင်ငံရှိ တူရကီ လက်နက်ကိုင်တပ်ဖွဲ့များ၏ မစ်ရှင်အား သက်တမ်းတိုးရန် ပြင်ဆင်ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တူရကီပါလီမန်သည် လစ်ဗျားရှိ တူရကီနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ လုပ်ပိုင်ခွင့်ကို ၂၄ လ သက်တမ်းတိုးခဲ့သည်။ တူရကီတပ်ဖွဲ့များသည် လစ်ဗျားအစိုးရနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ လစ်ဗျားတွင် ဆက်လက်တပ်စွဲနေခြင်းဖြစ်သည်။

ပါလက်စတိုင်းသမ္မတ Mahmoud Abbas က တူရကီ၏ အဆိုပြုချက်ကို မည်သို့မျှ ပြန်လည်တုံ့ပြန်ခြင်းမရှိကြောင်းကိုလည်း အာဒိုဂန်က ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ၌ ဟားမတ်စ်တို့က လက်နက်ချကာ ဓ-ားစာခံများကို လွှတ်ပေးပြီးပြီဆိုလျှင် ဂါဇာကမ်းမြောင်ဒေသတွင် မိမိတို့၏ စစ်ဆင်မှုများ ပြီးဆုံးမည်ဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်ကကျင်းပခဲ့သော အမေရိကန် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့၏ ပူးတွဲအစည်းအဝေးတွင် နေတန်ယာဟုက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here