သက်သာသော နှုန်းထားဖြင့် ဆေးဝါးများအား နှစ်နေရာတိုးချဲ့ရောင်းချ

0
129

ယနေ့ဇူလိုင် (၂၉) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက်အဦ၌ သက်သာသောနှုန်းထားဖြင့် ဆေးဝါးများကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တပြိုင်နက်တည်း ပဲခူးတွင်လည်း သက်သာသောနှုန်းထားဖြင့် ဆေးဝါးများကို ရောင်းချပေးနေကာ အဆိုပါဆေးဝါးရောင်းချမှုကို ဇူလိုင် (၂၉) ရက်မှ ဩဂုတ်လ (၃) ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ရောင်းချပေးနေခြင်းကို အစိုးရရုံးပိတ်ရက်မှလွဲ၍ ပုံမှန်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ကုမ္ပဏီတိုက်ရိုက်ဈေးနဲ့‌ ရောင်းပေးဝာာပါ။ လက်ကားဈေးပေါ့။ အပြင်ဆိုင်တွေထက်တော့ ဈေးသက်သာပါတယ်”ဟု ဆေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် (၁၇)ရက်မှစတင်၍ ပြည်သူများလိုအပ်နေသည့်ဆေးဝါးများကို ရန်ကုန်မြို့ ၊ ကုန်သည်လမ်းနှင့် လမ်း(၃၀) ထောင့်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ၊ ရန်ကုန်တိုင်း ဦးစီးမှူးရုံး၌ ပြခန်းပေါင်း (၅၀) ဝန်းကျင်ဖြင့် စတင်ရောင်းချပေးခဲ့ရာမှ ယခုအခါ ဒုတိယအကြိမ် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။

ယခုအစီအစဉ်တွင် လူနာအများဆုံးသောက်သုံးသည့် သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ ဆီချိုဆေး၊ ဝမ်းနှင့်ပတ်သက်သည့် ဆေး၊ က-လေ-းဆေးများ၊ ဖျားနာပျောက်ဆေးများ အစရှိသည့်ဆေးဝါးများကို ရောင်းချပေးနေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here