RCSS ဌာနချုပ် လွယ်တိုင်လျဲန်းတွင် ထိုင်းဘုရင် အသက် (၇၂) နှစ်ပြည့် မွေးနေ့ပွဲ ပြုလုပ်

0
99

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က (၁၀)ပါးမြောက် ထိုင်းဘုရင်၏ အသက်(၇၂)နှစ်မြောက်မွေးနေ့ပွဲအား ၎င်းတို့၏ ဌာနချုပ်တည်ရှိရာ လွယ်တိုင်လျဲန်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့် မွေးနေ့ပွဲအား ယမန်နေ့ ဇူလိုင်(၂၈)ရက် ညနေ (၅) နာရီခွဲအချိန်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဦးဆောင်၍ တပ်ဖွဲ့ဝင်များ ပြည်သူ‌လူ‌ထုများက ဆုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ ထိုင်းဘုရင်သည် ရှမ်းလူမျိုးနှင့် လူမျိုးတစ်မျိုးစုတည်းဖြစ်ပြီး ထိုင်းပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ရရှိထားသူဖြစ်သည့်အပြင် (၉)ပါးမြောက် ထိုင်းဘုရင်သည်လည်း တစ်ကမ္ဘာလုံးက ယုံကြည်လေးစားခဲ့ရသူများဖြစ်‌ကြောင်းဗိုလ်ချုပ်ကြီးယွတ်စစ်က မွေးနေ့ပွဲအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

RCSS/SSA ၏ လွိုင်တိုင်းလျန်းစခန်းကို ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် အခြေစိုက်ထားပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အား လက်ရှိအချိန်အထိ လက်မှတ်ရေးထိုးထားသည့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here