တရုတ်နယ်စပ်အနီး ရေကြီးမှုဖြစ်ပွားရာနေရာများသို့ ကင်ဂျုံအန် သွားရောက်စစ်ဆေး

0
214

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်အနီးရှိ ရေကြီးမှုဖြစ်ပွားရာ ဧရိယာတွေကို ဇူလိုင် ၂၈ ရက်မှာ သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဋ္ဌာန KCNA က ဇူလိုင် ၂၉ မှာ သတင်းထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ Sinuiju ဒေသနဲ့ တရုတ်နယ်စပ်အနီးက ဧရိယာတွေမှာ ဇူလိုင် ၂၇ ရက်က စံချိန်တင် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၅၀၀၀ ဝန်းကျင်လောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ KCNA က ဆိုပါတယ်။

စစ်တပ်က လေယာဉ် ၁၀ စင်းစီစဉ်ပေးခဲ့ကာ ရေဘေးသင့် ဒေသရှိ လူဦးရေ ၄၂၀၀ ကို နေ့ဝက်အတွင်း ပျံသန်းမှု အကြိမ် ၂၀ ခန့်လုပ်ကာ ကယ်ဆယ်ပေးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

လူအသက်ပေါင်း ၅၀၀၀ လောက်ကို ဘေးကင်းစေခဲ့တဲ့ စစ်တပ်ရဲ့ ကယ်ဆယ်ရေးအစီအမံတွေကို ကင်က ချီးကျူးခဲ့ပေမယ့် တိုင်ဖွန်းတွေ၊ ရေလွှမ်းမိုးမှုတွေနဲ့ မိုးကြီးမှုတွေကြောင့် ဖြစ်ပေါ်ရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ရာ ကြိုတင်ပြင်ဆင်မှု အစီအမံတွေ လုံလုံလောက်လောက် မဆောင်ရွက်ခဲ့မှုအတွက် တာဝန်ရှိတဲ့သူတွေကို အပြစ်တင်ခဲ့တယ်လို့လည်း KCNA က ဆိုပါတယ်။

တိုင်ဖွန်း Gaemi ရဲ့ ဝင်ရောက်မှုကြောင့် ဒေသတွင်း မိုးကြီးမှုတွေဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း မြေပြိုမှုဖြစ်ခဲ့တာကြောင့် လူ ၁၂ ဦး ‌ေ-သဆုံးခဲ့သလို နိုင်ငံရဲ့ အခြားဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Ref: Asia One


LEAVE A REPLY

Please enter your comment!
Please enter your name here