သုံးလကျော်အတွင်း ပြည်ပသို့ စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ရရှိထား

0
99

ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းနှစ်ထောင်ကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပြည်ပပို့ကုန်တွင် စက်မှုကုန်ချောတစ်ခုဖြစ်သည့် ချုပ်ပြီး အထည်တင်ပို့မှုသည် ပထမနေရာ၌ရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့ရာ ယခုဘဏ္ဍာနှစ် သုံးလကျော်ကာလအတွင်း ပို့ကုန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၈၂၀ ဒသမ ၃၄၃ သန်းရရှိခဲ့ရာ ယင်းပို့ကုန်များထဲတွင် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အများဆုံးရရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သကြား၊ လက်ဝတ်ရတနာ၊ သဘာဝဓာတ်ငွေ့ စသည့်ပစ္စည်းများ တင်ပို့လျက်ရှိကာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကိုလည်း တင်သွင်းလျက်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ ဇူလိုင်လ (၅) ရက်အထိ သုံးလကျော်ကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချော ပစ္စည်း တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၈၆၂ ဒသမ ၄၉၄ သန်းရရှိထားပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၁၁၈၈. ၀၂၁ သန်း ရရှိထားကာ စုစုပေါင်း ဒေါ်လာသန်း ၂၀၅၀ ဒသမ ၅၁၅ သန်း ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here