ထိုင်းအစိုးရက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ဘတ် ၉ သန်းဖိုး ပေးအပ်မည်

0
168

ထိုင်းနိုင်ငံက မြန်မာကို လူသားချင်းစာနာမှု အကူအညီ ဘတ် ၉ သန်း(ကန်ဒေါ်လာ ၂ သိန်းခွဲ) ဖိုး ပေးအပ်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရပါတယ်။

လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်းမှာ ယမန်နေ့(ဇူလိုင် ၂၈) က ပြုလုပ်ခဲ့တဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးအတွင်း နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက ယင်းသို့ ထုတ်ဖော်ကြေညာခဲ့တာဖြစ်ပြီး အာဆီယံရဲ့ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးနဲ့ သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Centre) သို့ မြန်မာအတွက် စာနာမှုအကူအညီတွေ ပေးအပ်သွားဖို့ ကတိပြုခဲ့တာဖြစ်ပါတယ်။

AHA Centre ဟာ အာဆီယံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ယန္တရားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ အကျပ်အတည်းအတွင်း လူသားချင်းစာနာမှုအကူအညီပေးရေးမှာ အခန်းကဏ္ဍတစ်ရပ်အားဖြင့် အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ စာနာမှု အကူအညီတွေရဲ့ အကျိုးကျေးဇူးကို မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အမှန်တကယ်ရရှိစေရမှာဖြစ်တယ်လို့ မာရစ်က ပြောဆိုခဲ့ပါတယ်။ ယခုထုတ်ပြန်ချက်မတိုင်မီ လွန်ခဲ့တဲ့ မတ်လ၂၅ ရက်ကလည်း မဲဆောက်ခရိုင်ရှိ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းက မြန်မာအစိုးရထံ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ အာဆီယံ Troika သုံးပွင့်ဆိုင် အလွတ်သဘောအစည်းအဝေးအတွင်း မြန်မာ့အရေး ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်တဲ့ အပြုသဘောဆောင်သော စကားဝိုင်းတစ်ခုပေါ်ပေါက်လာရေး ထိုင်းနိုင်ငံရဲ့ အကြံပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံအားပေးခဲ့တယ်လို့ သိရပါတယ်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here