ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားများအား ယနေ့ ဇူလိုင်(၂၉)ရက်မှ စတင်၍ ယာယီရပ်နားထားမည်

0
181

ပုသိမ် – ဟင်္သာတ – ကြံခင်း လမ်းပိုင်းတွင် လက်ရှိရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရထားလမ်းပိုင်း ရေကြီးရေလျှံမှု၊ တံတားများရေထိုးမှုအခြေအနေများနှင့် ငဝန်တာ တာအိတာလျောခြင်းတို့အား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဇူလိုင်(၂၇) ရက်၊ ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ မဲဇလီကုန်း – ထူးကြီးဘူတာ အကြား မိုင်တိုင် (၁၄၀/၁၀-၁၁) ကြားရှိ တံတားအမှတ် (၇၈) (၃ ×၂၀’) ခန်းဖွင့်တံတားသည် ဇူလိုင်လ (၂၆) ရက်က တံတားသံဘောင် အောက်ခြေ (၄”)ခန့် ရေထိုးပြီး ဇူလိုင် (၂၇)ရက်က တံတားသံဘောင် အပြည့်ရေထိုးကာ တံတားချဉ်းကပ် တစ်ဖက်စီတွင် အလျား (၅၀၀) ပေခန့် သံလမ်းမျက်နှာပြင်နှင့်အညီ ရေနစ်မြုပ်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တာဝန်ရှိသူတစ်ဦးက ရထားလမ်းရေနစ်မြုပ်မှုအခြေအနေများနှင့် ရထား ပြေးဆွဲရပ်နားထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မဲဇလီကုန်း-ထူးကြီး ရထားလမ်းမိုင် တိုင် ၁၄၀/၁၀ နှင် ၁၄၀/၁၁ အကြားရှိ တံတားအမှတ်(၇၈) တွင် တံတားအောက်ခြေ သံဘောင်အား ရေတိုးနေ၍ ရထားဖြတ်သန်းရန် အန္တရာယ်ရှိနိုင်သဖြင့် အမှတ် (၁၈၁) အဆန်၊ အမှတ် (၁၈၂) အစုန်၊ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားများအား ယနေ့ ဇူလိုင်(၂၉)ရက်မှ စတင်၍ ယာယီရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့၊ မအူကုန် ကျေးရွာအုပ်စု၊ ကျုံတာကျေးရွာ၊ ငဝန်ဗောဓိတာ မိုင်အမှတ် (၄၃/၄)မိုင်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုကြောင့် ငဝန်တာအရှည် (၇၀)ပေခန့်၊ လျှောစောက် (၃၂)ခန့်မှ (၂)ပေခန့် တာအိတာလျှောခြင်း ဖြစ်ပွားသည့်နေရာ၌ တာအိတာလျှောခြင်း ထပ်မံမဖြစ်ပေါ်ရန်အတွက် တုတ်ရိုက်ဂန်းထောက်ခြ င်း၊ သဲအိတ်စီခြင်း၊ အမိုးမိုးခြင်းများဆောင်ရွက်ထားသည်များကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်၍ တာအိတာလျှောခြင်း ထပ်မံမဖြ စ်စေရေး လိုအပ်သည်များမှာကြားခဲ့ပြီး ငဝန်တာကြံ့ခိုင်မှု အခြေအနေနှင့် ငဝန်မြစ်ရေ ဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးကာ ရေကင်းတဲစောင့်ကြပ်သူများနှင့် တာတမံကြံ့ခိုင်ရေး ပါဝင်လုပ်ဆောင်သူများအား စားသောက်ဖွယ်ရာများနှင့် ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here