(၉၇) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် အခမ်းအနားကျင်းပ

0
85

(၉၇) နှစ်မြောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် အခမ်းအနားကို ယနေ့ဇူလိုင် (၂၉) ရက် ညပိုင်းတွင် ရန်ကုန်မြို့ Novotel Max ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သီချင်းတို့အားဖွင့်လှစ်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် အခမ်းအနားကို စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ခေတ္တတရုတ်စစ်သံမှူးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့‌ေကြာင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ခေတ္တတရုတ်စစ်သံမှူးတို့က အထိမ်းအမှတ်ကိတ်မုန့်လှီးဖြတ်ပေး၍ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အခမ်းအနားသို့ နစကအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here