လွန်လွန်ကျူးကျူး လက်တုန့်ပြန်မှုမဖြစ်ဖို့ အစ္စရေးကို အမေရိကန်ဦးဆောင်သော သံတမန်တွေ ဖိအားပေး

0
225

အမေရိကန်ဦးဆောင်တဲ့ သံတမန်အစုအဖွဲ့က အစ္စရေးအနေနဲ့ လူအ‌ေ-သအပျောက်ရှိ ဂိုလန်ကုန်းမြင့် ဒုံးကျည်တိုက်ခိုက်မှုအပေါ် လက်တုန့်ပြန်ရာမှာ လက်ဘနွန်မြို့တော် ဘေရွတ်နဲ့ အရေးကြီးတဲ့ အရပ်ဖက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခြင်းမလုပ်ဖို့ တားမြစ်တိုက်တွန်းမှုတွေလုပ်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

သီတင်းပတ်ကုန်ပိုင်းက အစ္စရေးသိမ်းပိုက် ဂိုလန်ကုန်းမြင့်ဒေသမှာ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် က-လေ-းတွေနဲ့ လူငယ် ၁၂ ဦး ‌ေ-သဆုံးခဲ့တဲ့ ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက် အစ္စရေးနဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့အကြား အလုံးစုံစစ်ပွဲတစ်ခု ပေါ်ပေါက်မလာစေဖို့ ဝါရှင်တန်က ကြိုးပမ်းနေတယ်လို့ လက်ဘနွန်၊ အီရန်အရာရှိတွေအပြင် အရှေ့အလယ်ပိုင်းနဲ့ ဥရောပသံတမန်တွေက ပြောဆိုကြောင်း သိရပါတယ်။

ဒီဒုံးကျည်တိုက်ခိုက်မှုဟာ ဟစ်ဇ်ဘိုလာရဲ့ လက်ချက်ဖြစ်တယ်လို့ အစ္စရေးနဲ့ အမေရိကန်က ပြောဆိုခဲ့ပေမယ့် ယင်းအဖွဲ့ကတော့ သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ လက်တုန့်ပြန်မှုအတွင်း လူဦးရေထူထပ်တဲ့ ဘေရွတ်မြို့တော်၊ တောင်ပိုင်းရှိ ဟစ်ဇ်ဘိုလာရဲ့ အချက်အချာမြို့ ဆင်ခြေဖုံးနေရာတွေ နဲ့ လေဆိပ်တွေ၊ တံတားတွေလို အဓိက အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခြင်းမလုပ်ဖို့ လျင်မြန်တဲ့ သံခင်းတမန်ခင်း တိုက်တွန်းမှုမှာ အဓိကဦးတည်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စနေနေ့က ဂိုလန်ကုန်းမြင့်တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း အမေရိကန် ကြားဝင်ညှိနှိုင်းရေးမှူး အမ်မို့စ် ဟော့ချ်စတိန်းနဲ့ အဆက်အသွယ်လုပ်ခဲ့တယ်ဆိုတဲ့ လက်ဘနွန် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အီလီယက်စ် ဘိုဆပ်က အစ္စရေးအနေနဲ့ မြို့တော်နဲ့ ပတ်ဝန်းကျင်နေရာတွေကို လက်ရှောင်ခြင်းဖြင့် ပဋိပက္ခအရှိန်မြင့်ဖြစ်ပေါ်လာနိုင်တဲ့အရေးမှ ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here