မြန်မာကြက်တောင်မယ် သက်ထားသူဇာ ပြိုင်ဘက်ကနေဒါကို ရှုံးနိမ့်ပြီး အုပ်စုမှ ထွက်ခဲ့ရ

0
166

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပနေသည့် ပဲရစ်အိုလံပစ်ကြက်တောင်ပြိုင်ပွဲ၌ မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ကနေဒါကြက်တောင်မယ် မီရှဲလ်လီကို ရှူံးနိမ့်ခဲ့ပြီး အုပ်စုမှ ထွက်ခွာခဲ့ရသည်။

ကမ္ဘာ့ရပ်တည်မှုအဆင့် (၃၁) ရှိသည့် ကနေဒါကြက်တောင်မယ် မီရှဲလ်လီကို ပထမပွဲစဉ်တွင် ရမှတ် (၂၁ – ၁၆) ၊ ဒုတိယပွဲစဉ်တွင် ရမှတ်(၂၅ -၂၃)ဖြင့် ရှုံးနိမ့်ခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

မီရှဲလ်မှာ အသက်အရွယ်အရ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် သက်လုံပိုင်းကျနေသော်လည်း အတွေ့အကြုံဖြင့် အကောင်းဆုံးကစားပြီး သက်ထားသူဇာကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာမှာ ဇူလိုင်လ(၂၆)ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင်လည်း ဂျပန်ကစားသမားကို ရှုံးနိမ့်ခဲ့သဖြင့် (၂)ပွဲကစား၊ (၂)ပွဲစလုံးရှုံးနိမ့်ပြီး အုပ်စုအောက်ဆုံးနေရာမှ ထွက်ခဲ့ရသည်။

သက်ထားသူဇာသည် လက်ရှိတွင် ကမ္ဘာ့အဆင့်ရပ်တည်မှု (၄၃) နေရာတွင် ရှိနေသည့် ကစားသမားတစ်ဦးဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here