အိန္ဒိယ ကီရာလာပြည်နယ်မှာ မြေပြိုမှုတွေဖြစ်ပွားလို့ လူ ၄၁ ဦးထက်မနည်း ‌ေ-သဆုံးကာ အများအပြား ဒဏ်ရာရ

0
325

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ တောင်ကုန်းဒေသတစ်ခုမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၄၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ ဒေသတွင်းက အဓိကတံတားတစ်စင်း ပြိုကျခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိတ်ဆို့သွားတယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိတယ်လို့ ပြည်နယ် ကျန်းမာရေးဝန်ကြီး ဗီးနားဂျော့က ပြောဆိုခဲ့ပြီး လူများစွာဟာ ချာလီယာမြစ်အတွင်း မျောပါသွားခဲ့ဖွယ်ရှိတယ်လို့ Indian Express သတင်းက ဖော်ပြပါတယ်။ “အခြေအနေက စိုးရိမ်စရာပါ၊ ဋ္ဌာနဆိုင်ရာအားလုံး ကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ဖို့ အစိုးရက တွန်းအားပေးထားပါတယ်” လို့  Wayanad ခရိုင်မှာ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ် သစ်တောရေးရာ ဝန်ကြီး အေကေ ဆာဆင်းဒရန်က ရိုက်တာကို ပြောဆိုခဲ့ပါတယ်။

လက်ဖက်နဲ့ ဖာလာခြံတွေ အများစုတည်ရှိရာ အခင်းဖြစ်ဧရိယာနဲ့ အနီးက Chooramala မြို့ကို ဆက်သွယ်ထားတဲ့ ခရိုင်တွင်းမှ တံတားတစ်စင်း ပျက်စီးခဲ့တာကြောင့် စစ်တပ်က ယာယီတံတားတည်ဆောက်ပေးနေတယ်လို့ ဆာဆင်းဒရန်က ဆက်လက် ပြောဆိုပါတယ်။ မြေပြိုမှုတွေကြောင့် ဒေသတွင်း ပျက်စီးထိခိုက်မှုတွေဖြစ်ပေါ်ခဲ့ကာ လူ ၄၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းလိုင်းတစ်ခုဖြစ်တဲ့ Asianet TV က ဖော်ပြပါတယ်။

နေအိမ်အများအပြား ပြိုပျက်နေခဲ့ပြီး အမြစ်က ကျွတ်ထွက်နေတဲ့ သစ်ပင်တွေ၊ ကျောက်တုံးတွေနဲ့ ရွှံ့ရေတွေကိုဖြတ်သန်းရင်း ကယ်ဆယ်ရေးသမားတွေ ခက်ခက်ခဲခဲ ကယ်ဆယ်မှုလုပ်နေရပုံကို ရုပ်သံသတင်းတွေမှာ မြင်တွေ့ရပါတယ်။

ဥယျာဉ်ခြံမြေတွေမှာ အလုပ်လုပ်ပြီး ယင်းခြံတွေထဲမှာပဲ ယာယီတဲငယ်တွေနဲ့ နေကြသူများစွာ ပိတ်မိ သို့မဟုတ် ပျောက်ဆုံးကုန်မယ့်အရေး စိုးရိမ်စရာဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဒေသခံတစ်ဦးက ပြောဆိုခဲ့ပါတယ်။

ကီရာလာပြည်နယ်ဟာ မိုးကြီးမှုတွေနဲ့ ရေကြီးရေလျှံမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ဒေသတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်က အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ ရေကြီးမှုအတွင်း လူ ၄၀၀ နီးပါး ‌ေ-သဆုံးခဲ့ပါတယ်။

Ref: ရိုက်တာ၊ daily observer


LEAVE A REPLY

Please enter your comment!
Please enter your name here