ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ပဲခူးမြို့တွင် ဓါတ်လိုက် အသက်ဆုံးရှုံးခဲ့ရသည့် Grade – 12 ကျောင်းသား၏ နာရေးကို ယနေ့ ပြုလုပ်မည်

0
568

ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် ပဲခူးမြို့ ရွှေမောဓေါ ဘုရားလမ်း၊ အမှတ် (၁) ကျောင်းရှေ့တွင် အသက် (၁၆)နှစ်အရွယ် Grade -12 ကျောင်းသား အမျိုးသား (၁)ဦး ဓါတ်လိုက် အသက်ဆုံးရှုံးခဲ့ရပြီး ၎င်း၏ နာရေးကို ယနေ့ ဇူလိုင် (၃၁)ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် (၃၀)ရက်၊ နေ့လယ်ပိုင်းက ရွှေမောဓေါ ဘုရားလမ်း၊ အမှတ် (၁) ကျောင်းရှေ့ ဓါတ်တိုင်အနီးတွင် ဓါတ်လိုက်ကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်အရ ဓါတ်လိုက် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသား ၏ ရုပ်အလေ-ာင်းကို အနီးနားရှိ ရေဘေးကယ်ဆယ်ရေး လုပ်ကိုင်နေသည့် လူမှုကူညီရေးအသင်းများမှ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်း၏ နာရေးကို ယနေ့ ဇူလိုင် (၃၁)ရက် နေ့လယ် (၁)နာရီအချိန်တွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှ ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင် သဂြိုလ်မည်ဖြစ်ကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here