ရေကြီးမှုကြောင့် အခြေခံပညာကျောင်း ၁၇၀၀ ကျော် ယာယီပိတ်ထားရ

0
176

တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုတွင် ရေကြီးရေလျှံမှုကြောင့်အခြေခံပညာကျောင်းပေါင်း ၁၇၀၀ ကျော်ကို ယာယီပိတ်ထားရကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားသည်။

ထို့ပြင် လက်ရှိအချိန်ထိ ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ်ရေ မြင့်တက်ပြီး ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ အခြေခံပညာကျောင်းပေါင်း ၁၇၄၉ ကျောင်းကို ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

ရေကြီးမှုကြောင့် စာသင်ကျောင်းများယာယီပိတ်ထားရသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနောက်မကျစေရေးအတွက် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အခြေခံပညာကျောင်းပေါင်း ၁၁၂၀ ကျောင်းရှိပြီး ယင်းပျက်စီးမှုများအတွက် ဘဏ္ဍာငွေတင်ပြတောင်းခံ၍ ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၀ ခုတွင်ရေဘေးရှောင်စခန်း ၆၀၀ ကျော် ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ငါးသောင်းကျော်၊ ရေဘေးသင့်ပြည်သူ နှစ်သိန်း ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here