အိန္ဒိယမြောက်ပိုင်း၌ မိုးကြီး၍ လူ ၁၁ ဦး ‌ေ-သဆုံးပြီး ရာချီ ပျောက်ဆုံးလျက် ရှိ

0
334

အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသများစွာတွင် ကြာသပတေးနေ့(သြဂုတ် ၁) က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် လူ ၁၁ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ဟိမဝန္တာတောင်တန်းဒေသရှိ နာမည်ကျော် ဘုရားဖူးခရီးလမ်းမှာ ဘုရားဖူးများ ပိတ်မိနေသည်။ လူ ၂၅၀ ကျော် လည်း ပျောက်ဆုံးလျက်ရှိသည်။

ဟီမာချယ်လ် ပရာဒေ့ရှ်ပြည်နယ်ရှိ နာမည်ကျော် ခရီးသွားဒေသ ဒာရမ်ရှာလာ၌ လွန်ခဲ့သော၂၄ နာရီအတွင်း ရွာသွန်းခဲ့သည့်မိုးသည် မိုးရေချိန် ၇ လက်မ ရှိခဲ့ကြောင်း အိန္ဒိယမိုးလေဝသဋ္ဌာန(IMD) က သတင်းထုတ်ပြန်သည်။

ပြည်နယ်မြို့တော် ရှင်းမလားနှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဆူခီဗင်ဒါဆင်း ဆူခူက X မှာ ပို့စ်တင်ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်းပြောသည်။ မိုးကြီးမှုများကြောင့် ယင်းဒေသမှာ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ် အခွန်ဝန်ကြီး ဂျာဂတ်ဆင်း နက်ဂီက ANI သတင်းဌာနကို ပြောသည်။

ဥတ္တရာခန် ပြည်နယ်မှာ လူလေးဦး ‌ေ-သဆုံးခဲ့ပြီး ဘုရားဖူးခရီးသည်များသွားရာ လျှောက်လမ်းအစိတ်အပိုင်းတစ်ခု ပြိုကျခဲ့မှုကြောင့် ဘုရားဖူး ၂၀၀ ခန့် သောင်တင်ပိတ်မိနေခဲ့ကြောင်း Indian Express သတင်းစာက ဖော်ပြသည်။

၎င်းအပြင် ဒေလီမြို့၌ ဗုဒ္ဓဟူးနေ့ညပိုင်းက ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေလီအရှေ့ပိုင်းဒေသများနှင့် ဆင်ခြေဖုံးဒေသများတွင် စုစုပေါင်း မိုးရေချိန် ၅.၈ လက်မရွာသွန်းခဲ့ကြောင်း မိုးလေဝသဌာန က ပြောသည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ ယင်းဒေသတွင် ‌ေ-သဆုံးသူ ၅ ဦးရှိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်း ပါကစ္စတန်၊ နီပေါနိုင်ငံ တောင်တန်းဒေသ များတွင် မကြာခင်နှစ်များ အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ‌ေ-သဆုံးမှုရှိဘဲ ရေကြီး၊ မြေပြိုမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ၎င်းဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲလာမှုကြောင့် ဖြစ်သည်ဟုသုံသပ်ထားသည်။

Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here