စစ်ပွဲကာလ ရက်ပေါင်း ၃၀၀ ပြည့်သဖြင့် အစ္စရေးတို့က ဓ-ါးစာခံများပြန်လွတ်ရေးတောင်းဆို

0
162

တယ်လဗီ၊ဩဂုတ် ၂

ဓ-ါးစာခံများကို ထိန်းသိမ်းထားသည်မှာ စစ်ပွဲကာလ ရက်ပေါင်း ၃၀၀ ပြည့် လာချိန်တွင် အစ္စရေးနိုင်ငံသားများက ဓ-ါးစာခံများလွတ်မြောက်ရေးအတွက် တယ်လဗီမြို့ပေါ်တွင် ထပ်မံလှည့်လည်စီတန်းဆန္ဒပြခဲ့ကြောင်းသိရသည်။

“ဓ-ါးစာခံများမလွတ်သရွေ့ အနိုင်ရခြင်းမဟုတ်” ဟု ကြွေးကြော်သံများရွတ်ကာ ဆန္ဒထုတ်ဖော်ကြသောအစ္စရေးနိုင်ငံသားများသည် “ရက်ပေါင်း ၃၀၀” ဟူသောစာသား ကို ရိုက်နှိပ်ထားသည့် တီရှပ်များကိုဝတ်ဆင်ကာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြသည်။

အစ္စရေးနှင့်ဟားမတ်စ်စစ်ပွဲများသည် ယမန်နှစ်အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်က အစ္စရေးကို စတင်တိုက်ခိုက်ရာမှပေါ်ပေါက်လာခြင်းဖြစ်ပြီး ဟားမတ်စ်တို့၏တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံသားစုစုပေါင်း ၁,၁၉၇ ဦး‌ေ-သဆုံးကာ ၂၅၁ ဦး ကို ဓ-ါးစာခံအဖြစ်ဖမ်းခေါ်သွားခြင်းဖြစ်သည်။

ဓ-ါးစာခံ ၂၅၁ ဦးအနက် အချို့မှာလွတ်မြောက်လာပြီဖြစ်သော်လည်း ‌ေ-သဆုံးသူ ၃၉ ဦးအပါအဝင် ၁၁၁ ဦးကို ထိန်းသိမ်းထားဆဲဖြစ်ကြောင်းသိရသည်။လက်ရှိထိန်းသိမ်းခံထားရသူဓ-ါးစာခံများတွင် က-လေ-းငယ်နှစ်ဦးပါဝင်ပြီး တစ်ဦးမှာ ဖမ်းဆီးခံရစဉ်က ကိုး-လ-သာ-းအရွယ်သာရှိသေးကြောင်းလည်းသိရသည်။

ဆန္ဒထုတ်ဖော်သူများသည် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးစေလိုပြီး ဓ-ါးစာခံများလွတ်မြောက်ရေးအပါအဝင် လက်ရှိဖြစ်ပေါ်နေသည့်ပြဿနာများကို ပြေလည်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးဖော်ဆောင်စေလိုခြင်းဖြစ်သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here