မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်း ပြန်လည်ခေါ်ယူ

0
163

မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်းက ပြန်လည်ခေါ်ယူခဲ့သည်။

ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘောလုံးရာသီအတွင်း ထရတ်အသင်း၌ တစ်ရာသီ ကစားခဲ့ဖူးပြီး အသင်းအတွက် (၂၂) ပွဲ ကစားပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ဘောလုံးရာသီအတွက် ပြန်လည်ခေါ်ယူခြင်း ခံရသည့် ဇော်မင်းထွန်းမှာ ကျောနံပတ် (၃၆) ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ယုံကြည်မှုအပြည့်နဲ့ အသင်းကို ပြန်လာရတာ ပျော်ပါတယ်။ စိတ်ချပါ၊ ကျွန်တော် အကောင်းဆုံး အသင်းကို ပေးသွားမှာပါ”ဟု ဇော်မင်းထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မျှဝေထားသည်။

ထရတ် FC အသင်းသည် ပြီးခဲ့သည့်ရာသီက ဆူခိုထိုင်းအသင်းနှင့်အတူ လိဂ်-၁ မှ တန်းဆင်းခဲ့ရသည့် အသင်းဖြစ်ပြီး မြန်မာကစားသမားများဖြစ်သည့် အောင်ကောင်းမာန်၊ ဆွမ်လမန်တို့ ကစားခဲ့ဖူးသည့် အသင်းတစ်သင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here