ဗဟိုဘဏ်မှစက်သုံးဆီ၊စားသုံးဆီနှင့် ဆေးဝါးကဏ္ဍများအတွက် ဒေါ်လာနှင့်ယွမ် ရောင်းချပေးမည်

0
170

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် ဒေါ်လာနှင့်ယွမ်ကို ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဗဟိုဘဏ်မှ စက်သုံးဆီကဏ္ဍ၊ စားသုံးဆီကဏ္ဍနှင့် ဆေးဝါးကဏ္ဍများအတွက် FX Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၅ သန်း နှင့် တရုတ်ယွမ် ၅ သန်း တို့ကို ရောင်းချပေးမည်ဖြစ်သည်။

ဩဂုတ်လ (၁) ရက်တွင်လည်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ၊ ဆေးဝါးနှင့် ဆေးဝါးနှင့်ဆက်စပ်သောပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများနှင့် ဓာတ်မြေဩဇာတင်သွင်းသည့်ကုမ္ပဏီများသို့ Fx Trading Platform မှတစ်ဆင့် ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းတို့အား ရောင်းချပေးထားသည်။

ပြင်ပဈေးကွက်တွင် တစ်‌ဒေါ်လာ ကျပ် ၅၄၀၀ ကျော်အထိ မြင့်တက်ချိန်တွင် ဗဟိုဘဏ်မှ ထုတ်ရောင်းပေးပြီး ၊ ထိုကဲ့သို့ ရောင်းချပေးနေသော အချိန်ကာလအတွင်းသာ ဒေါ်လာဈေးတည်ငြိမ်မှုနှင့် ကျဆင်းမှုများရှိခဲ့သော်လည်း မရောင်းချပေးသည့် ကာလတွင် ဈေးတတ်လာသည်ကို တွေ့ရကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here