မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မွေထိုင်းဖိုက်တာ ဆွန်ယက် UK ဖိုက်တာ အယ်လ်ဖီ ပွန်တင်းကို အမှတ်ဖြင့်အနိုင်ရ

0
323

One Friday Fights 73 ပွဲစဉ်တွင် မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ထိုးသ-တ်ခဲ့သည့် မွေထိုင်းဖိုက်တာ ဆွန်ယက်သည် UK ဖိုက်တာ အယ်လ်ဖီ ပွန်တင်းကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ယမန်နေ့ ဩဂုတ် (၂)ရက် ကပြုလုပ်ခဲ့သည့် ONE ၏ One Friday Fights 73 ပွဲစဉ်အတွင်း အမှတ်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်ကာ အလဲမထိုးနိုင်ခဲ့သော်လည်း ဆွန်ယက်၏ ထိုးပေါက်ကို သဘောကျသည့် ချက်ထရီက ဘောနပ် ဘတ်(၃) သိန်းခွဲကိုချီးမြှင့်ခဲ့သည်။

အလားတူ ရှုံးနိမ့်ခဲ့ရသော်လည်း ဆွန်ယက်၏ ထိုးချက်များကို စိတ်ဓာတ်ကောင်းကောင်းဖြင့် ပြန်လည်တုန့်ပြန်ကာကွယ်နိုင်ခဲ့သည့် UK နိုင်ငံသား ပွန်တင်းကိုလည်း ချက်ထရီက ဘောနပ် ဘတ်(၃)သိန်းခွဲ ထပ်မံချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပွဲစဉ်၏ ပထမအချီတွင် အရပ်အမောင်း ကွာခြားချက်ကြောင့် ပွန်တင်းအနေဖြင့် ဆွန်ယက်ကို ခွာထိုးထားပြီး ဆွန်ယက်အနေဖြင့် Low Kick များကို အားထားခဲ့သည်ကိုတွေ့ရပြီး ဒုတိယအချီတွင် ဆွန်ယက်၏ ပူးကပ်ထိုးချက်များကြောင့် ပွန်တင်း အထိနာခဲ့ရသည်။

ထို့အတူ တတိယအချီတွင် ဆွန်ယက်၏ ဖိထိုးမှုများကြောင့် အရပ်မြင့်သည့် ပြိုင်ဘက် ပွန်တင်းအနေဖြင့် အပေါ်တံ တောင်ထောင်းချက်များကိုသာ အားပြုကစားခဲ့ရသည်ကို တွေ့ရသည်။

ဆွန်ယက်အနေဖြင့် တစ်ချက် ထိုးပြီး‌နောက် တွဲလုံးလက်သီးများ ဆက်တိုက် မဝင်နိုင်ခြင်းသည် အားနည်းချက်ဖြစ်ခဲ့သလို အလဲထိုး ပါဝါမျိုးလည်း မရှိခဲ့သည်ကို တွေ့ခဲ့ရသည်။

ဆွန်ယက်နှင့် ယှဉ်ပြိုင်ခဲ့သည့် UK ဖိုက်တာ အယ်လ်ဖီ ပွန်တင်းသည် မွေထိုင်းပွဲ အတွေ့အကြုံရှိသူ တစ်ဦးဖြစ်ပြီး WBC မွေထိုင်း ချန်ပီယံ ခါးပတ်ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

မြန်မာကိုယ်စားပြုကစားခဲ့သည့် ဆွန်ယက်မှာ ONE Friday ပွဲစဉ် (၆) ပွဲထိုးသ-တ်ထားပြီး (၄)ပွဲ ရှုံးနိမ့်ထားသူဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here