တင်းမာလာတဲ့ အရှေ့အလယ်ပိုင်းကို အမေရိက က စစ်သင်္ဘောနဲ့ တိုက်လေယာဉ်တွေ ထပ်လွှတ်မည် 

0
179

အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ ကြီးထွားသောကြောင့် အမေရိကန် အမှုထမ်းတွေကိုကာကွယ်စောင့်ရှောက်ဖို့နှင့် အစ္စရေးကို ကာကွယ်ဖို့အတွက် ယင်းဒေသမှာ အမေရိကန်စစ်တပ် တည်ရှိမှုကို ခိုင်မာအားကောင်းအောင်လုပ်ဆောင်မှာဖြစ်ပြီး စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေ ထပ်တိုးပို့ဆောင်သွားမည်ဟု ပင်တဂွန်က သောကြာနေ့မှာ ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမည့်အရေးကို စိုးရိမ်မှုတွေ ကြီးထွားစေခဲ့သော တေရန်မှာ ဟားမတ်စ်ခေါင်းဆောင် သ-တ်ခံရမှု၊ ဘေရွတ်မှာ ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦး သ-တ်ခံရမှု များနှင့်ပတ်သက်ပြီး လက်စားချေသွားမည်ဟု အီရန်နှင့်၎င်း၏ ဒေသတွင်း မဟာမိတ်တွေက ကတိပြုလိုက်ကြအပြီးမှာ အမေရိက၏ ထုတ်ပြန်ချက်ထွက်လာခြင်းဖြစ်သည်။

ကာကွယ်ရေးဋ္ဌာနအနေဖြင့် အီရန် သို့မဟုတ် ၎င်း၏ မိတ်ဖက်များနှင့် လက်ဝေခံများကြောင့် ဒေသတွင်း တိုးမြင့်လာနိုင်သော ဖြစ်နိုင်ခြေကို လျော့ပါးစေရေးအတွက် အစီအမံများကို ဆက်လက်လုပ်ဆောင်နေသည်ဟုပင်တဂွန် လက်ထောက်သတင်းပြန်ကြားရေးမှူး ဆာဘရင်နာ ဆင်းက ထုတ်ပြန်ချက်မှာ ပြောသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးအပေါ် ဟားမတ်စ်တို့၏ တုန်လှုပ်ဖွယ် တိုက်ခိုက်မှုဖြစ်စဉ်နောက်ပိုင်းမှစ၍ အမေရိကန်ပြည်ထောင်စုသည် အစ္စရေးကို အကာအကွယ်ပေးမည့်မြဲမြံသော ကတိကဝတ်အပါအဝင် ဒေသတွင်းရှိ မိမိတို့ အမှုထမ်းများနှင့်အကျိုးစီးပွားတွေကို ကာကွယ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ထပ်လောင်းအတည်ပြုခဲ့သည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း အရှေ့အလယ်ပိုင်းနှင့် အမေရိကန် ဥရောပ စစ်ဋ္ဌာနချုပ်လက်အောက်ရှိ ဧရိယာများသို့ ပဲ့ထိန်းဒုံးကာ ခရုဇ်သင်္ဘောတွေ ထပ်တိုးစေလွှတ်ဖို့အပြင် အရှေ့အလယ်ပိုင်းဒေသကို တိုက်လေယာဉ်အုပ်စုသစ်တစ်ခု ဖြန့်ကျက်ဖို့ ညွှန်ကြားခဲ့သည်။

အစ္စရေးသည် အင်္ဂါနေ့က ဘေရွတ်မြို့ တိုက်ခိုက်မှုတစ်ခုမှာ ဟစ်ဇ်ဘိုလာ တပ်မှူး Fuad Shukr ကို သ-တ်နိုင်ခဲ့ပြီး သူသည် ပြီးခဲ့သော သီတင်းပတ်က လူအ‌ေ-သအပျောက်ရှိ ဂိုလန်ကုန်းမြင့် ဒုံးတိုက်ခိုက်မှုအတွက် တာဝန်ရှိသူဖြစ်သည်ပြောသည်။

ယင်းဖြစ်ရပ်အပြီး နာရီပိုင်းအကြာမှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် အီရန်မြို့တော်မှာ လုပ်ကြံသ-တ်ခံခဲ့ရသည်။ ဤသ-တ်မှုနင့် ပတ်သက်၍ အစ္စရေးက ယခုအချိန်အထိ တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

Ref: NDTV


LEAVE A REPLY

Please enter your comment!
Please enter your name here