နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်းကို (၄)လကြာ ဖွင့်လှစ်မည်

0
140

မြန်မာနိုင်ငံ စာရင်းကောင်စီမှကြီးမှူး၍ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်းကို လေးလကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်းကို စာရင်းပညာကျွမ်းကျင်သူ နိုင်ငံ့ဝန်ထမ်းများတိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန်ရည်ရွယ်၍ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Financial Reporting Standards- Dip IFRS) အမှတ်စဉ်(၁)၊ အပိုင်း(၂) သင်တန်းကို နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ဩဂုတ်လ(၂)ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှပို့ချသည့် သင်ခန်းစာများကို မိမိတို့ဌာန၏ လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သေချာစွာ ကြိုးစားသင်ယူမှတ်သားလေ့လာကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းတွင် IFRS ခေါင်းစဉ် (၁၀)ခု ပို့ချမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား(၁၉) ဦး၊ အခြားဝန်ကြီးဌာနများမှ သင်တန်းသား (၄၄)ဦး၊ စုစုပေါင်း (၆၃)ဦးကို ဩဂုတ်လ(၁)ရက်မှ နိုဝင်ဘာလ(၂၉) ရက်အထိ သင်တန်းကာလ (၄)လကြာဖွင့်လှစ်မည်ဖြစ်သည်။

အပိုင်း(၂)သင်တန်း အောင်မြင်သူများ အနေဖြင့် အပိုင်း(၃) သင်တန်းသို့ ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ကာ အပို င်း(၃)သင်တန်းအထိ အောင်မြင်ပြီးမြောက်သူများကို ဒီပလိုမာဘွဲ့ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here