တောင်ကိုရီးယားနှင့်ထိုင်းတို့ စွမ်းအင်သန့်ရှင်းရေးမြှင့်တင်မည်

0
178

ဘန်ကောက်၊ဩဂုတ် ၃

ထိုင်းနိုင်ငံနှင့် တောင်ကိုရီးယားတို့သည် စွမ်းအင်သန့်ရှင်းရေး၊ဒစ်ဂျစ်တယ်ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှု နှင့်စီးပွားရေးများဖလှယ်ရန် သဘောတူညီခဲ့ကြကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ သုံးရက်ကြာတောင်ကိုရီးယားခရီးစဉ်အတွင်း ၎င်းသည် တောင်ကိုရီးယားဝန်ကြီးချုပ် မစ္စတာဟန်ဒက်ခ်ဆိုးလ်နှင့်ပါတွေ့ဆုံခဲ့ပြီး ယခုခရီးစဉ်သည် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး၏ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

၎င်းတို့၏တွေ့ဆုံဆွေးနွေးမှုအတွင်း ထိုင်းဝန်ကြီးချုပ်ဆရီသာ သာဗီဆင်အဆိုပြုခဲ့သော စွမ်းအင်၊ဒစ်ဂျစ်တယ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်သဘောတူညီခဲ့ကြကြောင်းလည်းသိရသည်။

ယင်းနောက် နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းနှင့် လုပ်သားရေးရာကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသေးသည်ဟုဆိုသည်။

၁၉၅၀ ပြည့်နှစ်နှင့် ၁၉၅၃ ခုနှစ်များကဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ၌ ထိုင်းစေတနာ့ဝန်ထမ်းများ၏ ဆောင်ရွက်မှုများအား ရောင်ပြန်ဟပ်စေလိုသဖြင့် ယခုလိုအမျိုးသားလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကိုဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။

ကိုရီးယားစစ်ပွဲကာလအတွင်းက ထိုင်းနှင့်တောင်ကိုရီးယားတို့အကြား တရားဝင်သံတမန်ဆက်ဆံရေးမရှိခဲ့သေးသော်လည်း ထိုင်းသည် ကိုရီးယားအားကူညီရန် စေတနာ့ဝန်ထမ်း တပ်ဖွဲ့များအများဆုံးစေလွှတ်ပေးခဲ့သည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here