လားရှိုး တပ်မတော်ဆေးရုံတိုက်ခိုက်ခံရမှု ပြင်းထန်စွာ ရှုတ်ချ‌ကြောင်း အဖွဲ့အစည်း (၂၀) မှ သဘောထားထုတ်ပြန်

0
105

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အမှတ်(၉)၊ ကုတင် (၁၀၀) တပ်မတော်ဆေးရုံကို MNDAA အဖွဲ့မှ တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ဘာသာရေး အဖွဲ့အစည်းနှင့် အနုပညာရှင် အတတ်ပညာရှင်အဖွဲ့များအပါအဝင် အဖွဲ့အစည်း (၂၀) ခန့်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဩဂုတ် (၃)ရက်တွင် သဘောထားများထုတ်ပြန်ခဲ့ကြသည်။

လားရှိုးမြို့ရှိ အမှတ်(၉)၊ ကုတင် (၁၀၀) တပ်မတော်ဆေးရုံအား MNDAA က ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများနှင့် Drone များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ထိခိုက်‌ေ-သဆုံးခဲ့ရပြီး အချို့မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော် (အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးစသည့် ဘာသာရေးအဖွဲ့များက ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ အားကစား မီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်းတို့မှ လည်း သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here