(၇) လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်လုပ်သား (၂၁၀၀) ကျော်စေလွှတ်ပြီးဖြစ်

0
343

၂၀၂၄ ခုနှစ်၏ ခုနှစ်လတာကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်လုပ်သား (၂၁၇၉) ဦး စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

၂၀၂၄ ခုနှစ်အတွက် တောင်ကိုရီးယားနိုင်ငံသို့ EPSလုပ်သား ၁၀,၀၀၀ ကျော်စေလွှတ်ရန် ခွဲတမ်းရရှိထားပြီး မြန်မာနိုင်ငံအတွက် စေလွှတ်ခွင့်ရရှိသည့် ခွဲတမ်းအပေါ်မူတည်ပြီး EPS လုပ်သားများကို စေလွှတ်နေခြင်းဖြစ်ကာ ဆက်လက်ပို့ ဆောင်သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ လုပ်သားစတင်စေလွှတ်ခွင့်ရသည့် အချိန်မှ လက်ရှိအချိန်အထိ လုပ်သား (၆၅ ,၀၀၀)ကျော် စေလွှတ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

တောင်ကိုရီးယားသို့ အလုပ်သမားစေလွှတ်ရာတွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာလုပ်သားများကို ထပ်တိုးခေါ်ရန်နှင့် ခွဲတမ်းတိုးပေးရန်အတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

လက်ရှိတွင် EPS စနစ်ဖြင့် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စို က်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် အများဆုံးစေလွှတ်ထားပြီး ယခုနှစ်တွင် ဝန်ဆောင်မှုလုပ်ငန်းအတွက် ထပ်တိုးခေါ်ယူထားသည့်အတွက် အမျိုးသမီးများကို ပထမဆုံးစေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here