အစ္စရေးကအကျဉ်းသားများကိုနှိ-ပ်စ-က်နေ၍ ပါလက်စတိုင်းများဆန္ဒပြ

0
190

ဂါဇာ၊ဩဂုတ် ၄

အစ္စရေးအကျဉ်းစခန်းများ၌ ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းဒေသခံများသည်ဆေးဝါးကုသမှုခံယူရခြင်းမရှိသည့်အပြင် နှိ-ပ်စ-က်ခံရသည်ဟူသောသတင်းများထွက်ပေါ်လာပြီးနောက် ဖမ်းဆီးခံများ၏ မိသားစုဝင်များနှင့်ဒေသခံအချို့ သည် အစ္စရေးအကျဉ်းစခန်းများထံ ချီတက်ကာဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ယင်းသို့ချီတက်ဆန္ဒထုတ်ဖော်ရာ၌ ဖမ်းဆီးခံပြည်သူများ၏ ဓာတ်ပုံများနှင့်တကွ ပါလက်စတိုင်းအလံများကိုကိုင်ဆောင်ကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းလည်းဖြစ်ကြောင်းပြောကြားခဲ့သည်။

“ထောင်နှင့်ချီသော ပါလက်စတိုင်းပြည်သူများသည် ဂါဇာ၊အနောက်ဘက်ကမ်းနှင့်အစ္စရေးစသည့်နေရာများတွင် ထိန်းသိမ်းခံထားရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးကလည်းပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသူများအား လျှို့ဝှက်နေရာများတွင် အများဆုံးထိန်းသိမ်းထားပြီး အချို့သောအခြေအနေများတွင် ဆေးကုသမှုမပေးသဖြင့် နှိ-ပ်စ-က်ရာပင်ရောက်သည်ဟုကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကပြောကြားခဲ့သည်။

“ဆယ်လတောင်ရှိပါပြီ။ ကျွန်မသားတွေနဲ့အဆက်အသွယ်မရတာ၊ သားတွေကိုတွေ့ချင်တယ်၊သူတို့အခြေအနေလေးသိချင်တယ်၊ဖြစ်နိုင်ရင်တော့ သားတွေကိုပြန်လိုချင်ပါတယ်” ဟု သားလေးယောက်လုံးဖမ်းဆီးခံထားရသည့် မစ္စလာတီဖာအဘူဟာမစ်ထ် ကပြောကြားခဲ့ပြီး ၎င်း၏သားလေးဦးစလုံးသည် ထောင်ဒဏ်တစ်သက် တကျွန်းချမှတ်ခံထားရသူများလည်းဖြစ်သည်။

ပါလက်စတိုင်းအရေး ကို စောင့်ကြည့်သူများ၏လေ့လာမှုအရ ပါလက်စတိုင်းဒေသခံ ၉,၇၀၀ နီးပါးသည် ဖမ်းဆီးခံထားရကြောင်းသိရသည်။

သို့သော် အစ္စရေးကမူ အကျဉ်းသားများအား ဆေးကုသခွင့်မပေးဘဲ ညှ–ဉ်းပ–မ်းသည်ဟူသောအချက်ကို အခိုင်အမာငြင်းဆိုထားပြီး ၎င်းသည် အကျဉ်းစခန်းများကို နိုင်ငံတကာဥပဒေနှင့်အညီသာကျင့်သုံးသည်ဟုဆိုခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here