မြောက်ကိုရီးယား ကို ရေဘေး အကူအညီပေးလိုကြောင်း ပူတင် ကမ်းလှမ်း

0
221
This recent undated photo released by North Korea's official Korean Central News Agency (KCNA) via KNS on July 31, 2024 shows North Korea's leader Kim Jong Un (L) riding in a dingey through flood waters as he inspects the area for damage after record-breaking heavy rains on July 29 in the city of Sinuiju in North Pyongan Province. (Photo by KCNA VIA KNS / AFP)

မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် မြောက်ကိုရီးယားနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများကိုပေးပို့လိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကမ်းလှမ်းခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဋ္ဌာန KCNA က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့သည်။

လက်ရှိအခြေအနေ၌ နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုနီးကပ်လာသော အနေအထားရောက်ရှိနေပြီး ပူတင်သည် ပြုံယမ်းရှိ ရုရှားသံရုံးမှ တဆင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ထံ စနေနေ့မှာ ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

ရေဘေးဒဏ်ခံရမှုအတွက် စာနာကြောင်းနှင့်မြောက်ကိုရီးယားကို စာနာကြောင်း နှင့် ထောက်ခံကြောင်း ရုရှားခေါင်းဆောင်၏ သတင်းစကားမှာ ဖော်ပြခဲ့သည်။

“ရေဘေးကြောင့် ပျက်စီးဆုံးရှုံးရမှုတွေကနေ ပြန်လည်ထူထောင်ရေးအတွက် လူသားချင်းစာနာမှု အကူအညီတွေ ချက်ချင်းပေးပို့ဖို့ သူ ဆန္ဒရှိကြောင်း ပူတင်က ဖော်ပြခဲ့ပါတယ်” ဟု KCNA က ဆိုသည်။

ကင်မ်က ယခုကဲ့သို့ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ကြောင်း၊ သို့သော် ၎င်း၏ အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်ဖို့ရာ အစီအမံများကို ရေးဆွဲချမှတ်ထားပြီးဖြစ်ကြောင်း
နှင့် အကူအညီလိုအပ်လာလျှင် တောင်းခံမည်ဖြစ်ပါကြောင်း အကြောင်းပြန်ခဲ့သည်ဟု KCNA က ဆက်လက်ဖော်ပြခဲ့သည်။

မကြာခင်ရက်များ အတွင်းက မြောက်ကိုရီးယား၏ အနောက်မြောက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လူနေအိမ်ခြေ ၄၀၀၀ ကျော် ရေမြုပ်ခဲ့သကဲ့သို့ ဒေသခံ ပြည်သူ ၅,၀၀၀ ခန့် အဆက်အသွယ်ပြတ်တောက်ခဲ့သည်ဟု KCNA က သတင်းထုတ်ပြန်သည်။

ရေဘေးသင့်ဒေသများကို ကင်မ်က ကိုယ်တိုင်သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုကြီးကြပ်ခဲ့ကြောင်းသိရသည်။

–သည်အက်ကို နောမစ် တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here