မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ချင်းရိုင်ယူနိုက်တက်က တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

0
230

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ချင်းရိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် အင်ဒိုနီးရှားကလပ် တစ်ခုဖြစ်သည့် ဘော်နီရိုအသင်းတွင် သွားရောက်ကစားနေရာမှ ယခုနှစ်တွင် ထိုင်းလိဂ်(၁) ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့‌ခြင်းလည်းဖြစ်သည်။

ယခုနှစ်တွင် ဘော်နီရိုအသင်းနှင့် လမ်းခွဲကာ ထိုင်းကလပ်ကို ပြောင်းရွေ့ခဲ့ခြင်းဖြစ်ပြီး ချင်းရိုင်အသင်းတွင် ကျောနံပတ် (၇၇)အား ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် တိုက်စစ်မှူး သန်းပိုင်၊ နောက်ခံကစားသမား ဇော်မင်းထွန်း၊တိုက်စစ်မှူး အောင်ကောင်းမာန်၊ ကျော်မင်းဦး၊ တောင်ပံကစားသမား သီဟဇော်၊ တိုက်စစ်မှူး အောင်သူ၊ ကွင်းလယ်ကစားသမား ဝေလင်းအောင်တို့မှာ ထိုင်းလိဂ်(၁)၊ (၂)နှင့် မလေးရှားနှင့် ကမ္ဘောဒီယား ကလပ်များတွင် သွားရောက်ကစားနေကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here