ဧရာဝတီမြစ်ရေတိုးသောကြောင့် မြို့(၁၀)ခုရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း၌ နေထိုင်သူများကို မိုးဇလ သတိပေး

0
103

ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာနိုင်သည့်အတွက် မြစ်ရေဆက်တက်လာနိုင်သည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့စုစုပေါင်း (၁၀) မြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများကို သတိဖြင့်နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သြဂုတ် (၄) ရက်တွင် ထုတ်ပြန်သတိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်အရ လက်ရှိမြစ်ရေ စိုးရိမ်ရေမှတ်တွင် ရောက်နေသည့် မြို့များမှာ တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ မဒေါက်မြို့နှင့် ငါးသိုင်းချောင်းမြို့တို့ ဖြစ်သည်။

ထို့ပြင် ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် ၄၄.၀၃ ပေ (၁၃၄၂ စင်တီမီတာ)အောက် (၄) လက်မခန့် (၉ စင်တီမီတာ) တွင် ရောက်ရှိနေကာ နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ထိုနည်းတူ နောက်(၁)ရက်အတွင်း ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်ရောက်လာမည့် ဇလွန်မြို့နယ်ကိုလည်း ရေကြီးသတိပေးချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် မိုး/ဇလ မှ ထုတ်ပြန်ချက်၌ အကြံပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here