၇ သုံးလုံး ခြေတုလက်တုလုပ်ငန်း (၄၅)နှစ်ပြည့် အထိမ်းအမှတ် အမှတ်(၁)တပ်မတော်ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

0
91

သိန်းသန်းစက်မှုလက်မှု၏ “၇၇၇” ခြေတုလက်တုလုပ်ငန်းတည်ထောင်ခြင်း (၄၅)နှစ်ပြည့်(နီလာရတု) အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော်ဆေးရုံကြီး ကုတင်-၁၀၀၀ တွင် ယမန်နေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းက စုပေါင်း၍သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

” ၇၇၇ ခြေတုလက်တုလုပ်ငန်းနဲ့ သန်းကြွယ်ကမ္ဘာကုမ္ပဏီလီမိတက်ကို ၁၉၈၀ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာပါ။ အခုဆိုရင် ၄၅ နှစ်ပြည့်ပြီဖြစ်တာကြောင့် အထိမ်းအမှတ်အနေနဲ့ စုပေါင်းသွေးလှူဒါန်းပွဲကျင်းပတာပါ။ ဝန်ထမ်းတွေကော သွေးလှူရှင်တွေကော လာရောက်လှူဒါန်းခဲ့ကြပါတယ်”ဟု ၇၇၇ ခြေတုလက်တုလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သွေးလှူဒါန်းပွဲ၌ တွံတေးမြို့၊ ဓမ္မာလက်ာရပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယက ဘဒ္ဓန္တ ရေဝတ(ရွှေကွမ်းသား)နှင့် အမှတ်(၁)တပ်မတော်ဆေးရုံကြီးကုတင်-၁၀၀၀၀ တပ်မှူး၊ ၇၇၇ ခြေတုလက်တုလုပ်ငန်းတည်ထောင်သူ ဒေါက်တာသန်းထွန်းဦးတို့က သွေးလှူရှင်(၉၀)ဦးတို့အား ကြက်ဥ၊ နို့မှု့န်ထုပ်များ၊ ဘီစကစ်များပေးဝေ၍ အားပေးစကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြကြောင်း သိရသည်။

၇၇၇ ခြေတုလက်တုလုပ်ငန်းတည်ထောင်ခြင်း ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ခြေလက်အင်္ဂါမပြည့်စုံသူ (၁၀၀)ဦးကိုလည်း ‌ခြေတု၊ လက်တုများလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here