ငါးပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ
ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရန်ဌာနနှင့် ပုဂ္ဂလိကများအကြားပူးပေါင်းဆောင်ရွက်ရန် ဒုဝန်ကြီးတိုက်တွန်း

0
78

ပြည်တွင်းရှိ ရေထွက်ကုန်များဖြစ်သည့် ငါးပုစွန် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရန် ဌာနနှင့် ပုဂ္ဂလိကများအကြားပူးပေါင်းဆောင်ရွက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုက်တွန်းပြောကြားခဲ့သည်။

အာဟာရပြည့်ဝသော စားရေရိက္ခာ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ငါးပုစွန်ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်နိုင်ရေး လုပ်င န်း ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ငါးပုစွန်နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံခြားငွေ တိုးတက်ရှာဖွေနိုင်ရေးအတွက် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ မွေးမြူထုတ်လုပ်မှုတိုးချဲ့ရေးနှင့် GAqP ခေတ်မီနည်းပညာအသုံးပြု ငါးပုစွန်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လိုအပ်ချက်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ တည်ဆဲဥပဒေများနှင့်အညီဖြစ်စေရေး လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရေးကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးကဆွေးနွေးမှာကြားခဲ့သည်။

ထို့ပြင် တာဝန်ရှိသူများက ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ Fisheries and Marine Products 2000 Limited ငါးအအေးခန်းစက်ရုံ၏ ရေထွက်ပစ္စည်းများအား HACCP စနစ်နှင့်အညီ ဆောင်ရွက်နေမှု၊ အေးခဲပြုပြင်ထားသော ငါးပုစွန်များကို Saudi, Qatar, Kuwait, India, UAE, USA, Bahrain နိုင်ငံများသို့ တင်ပို့ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒုတိယဝန်ကြီးက စက်ရုံအတွင်း သန့်ရှင်းရေး၊ ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားထားသည့် စည်းမျည်းစည်းကမ်းချက်များနှင့်အညီ ကုန်ထုတ်လုပ်မှု၊ သိုလှောင်မှု၊ တင်ပို့မှုလုပ်ငန်းစဉ်များ တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here