သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း (၄၈) မျိုးကို FDA အသိပေး

0
165

အများပြည်သူ သုံးစွဲရန် မသင့်သည့်အလှကုန်ပစ္စည်းများအဖြစ် ကုန်ပစ္စည်း (၄၈) မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က အသိပေး‌ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင်း နိုင်ငံများ၏ Post-Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် ဖော်ပြပါကုန်ပစ္စည်း (၄၈) မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့်အတွက် အများပြည်သူ လူထုသုံးစွဲရန် မသင့်တော်ကြောင်း အသိပေးထားခြင်း ဖြစ်သည်။

FDA ထုတ်ပြန်ချက်အရ ဖော်ပြပါ အလှကုန်ပစ္စည်းများတွင် ပါဝင်သည့် တားမြစ်ဓာတုပစ္စည်းတွေဟာ အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊ အနီကွက်ခြင်း၊ အရေပြားကတဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အလှကုန် တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများနှင့် လက်လီလက်ကား ရောင်းချနေသည့် ဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here