ရန်ကုန်နှင့် ရှမ်းယူနိုက်တက် ပွဲစဉ်တွင် အာရုံစိုက်မှုလျော့ကျခဲ့၍ သရေရလဒ်ထွက်ပေါ်ခဲ့ရဟု နည်းပြချုပ် ဦးကျော်ဒွန်း ဝန်ခံ

0
198

ယမန်နေ့ ဩဂုတ်(၄)ရက် ညနေပိုင်းက တောင်ကြီးကွင်းအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူတိုက်တက်ပွဲစဉ်တွင် အာရုံစိုက်မှုလျော့ကျခဲ့၍ သရေရလဒ်ထွက်ပေါ်ခဲ့ရဟု နည်းပြချုပ် ဦးကျော်ဒွန်းက ဝန်ခံပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်မှာ မြန်မာနေရှင်နယ်လိဂ်၂၀၂၄ -၂၀၂၅ ပွဲစဉ် (၅)အထိ အမှတ်ပေးဇယား အဆင့် (၁) နှင့် အဆင့် (၂) နေရာများတွင် ရှုံးပွဲမရှိ ရလဒ်ပိုင်ဆိုင်ထား‌သည့် အသင်းနှစ်သင်းကစားခဲ့ကြခြင်းလည်း ဖြစ်သည်။

ယမန်နေ့က ရန်ကုန်ယူနိုက်တက်အနေဖြင့် တောင်ကြီးမြို့ အဝေးကွင်းတွင် ရှမ်းယူနိုက်တက်အသင်းကို ဦးဆောင်ဂိုး (၂)ဖြင့် ပထမပွဲချိန်အတွင်း ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းပွဲချိန်မှစတင်၍ ချေပဂိုးများ ပြန်လည်သွင်းယူခံခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် ပထမပိုင်း ပွဲချိန် (၁၄) မိနစ်တွင် တိုင်ထိပြီး ပြန်ထွက်လာသော ဘောလုံးကို ဥက္ကာနိုင်က ခေါင်းတိုက်ဂိုးသွင်းယူရန်ကြိုးစားရာမှာ ဂိုးသမားက ပုတ်ထုတ်ခဲ့ပြီးနောက် ပြန်လျှံထွက်လာသည့် ဘောလုံးကို တိုက်စစ်မှူး ကောင်းစည်သူက အနီးကပ်ကန်သွင်းခဲ့သည်။

အလားတူ ပွဲစဉ် (၂၆) မိနစ်တွင် ရန်နိုင်ဦး၏ ပြစ်ဒဏ်ဘောကန်ချက်မှ ပြန်လျှံထွက်လာသော ဘောလုံးကို ကျော်ဖြိုးဝေက ဒုတိယဂိုးအဖြစ်သွင်းယူခဲ့ကာ ပထမပိုင်းပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပွဲချိန်အတွင်း ရှမ်းယူနိုက်တက်အသင်းကစားသမား မက်ခ်ဆာကီ၏ ချေပဂိုး သွင်းဂိုးနှစ်ဂိုး ပြန်လည်သွင်းယူခဲ့ခြင်းကြောင်း ပွဲစဉ်အပြီး တစ်ဖက်(၂)ဂိုးစီဖြင့် သရေ ရလဒ်ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“ကစားသမားတွေ ကြိုးစားခဲ့ကြပါတယ်။ ၂-၀ နဲ့ ဦးဆောင်နေရာကနေ ဂိုးတွေပြန်ပေးလိုက်ရတယ်။ အာရုံစူးစိုက်မှုလျော့သွားတာပါ”ဟု နည်းပြချုပ် ဦးကျော်ဒွန်းက ပြောသ ည်။

မြန်မာနေရှင်နယ်လိဂ်၂၀၂၄-၂၀၂၅ ပွဲစဉ်(၅)အပြီး ရန်ကုန်ယူနိုက်တက်က (၃)ပွဲနိုင်၊ (၂) ပွဲသရေဖြင့် ရမှတ်(၁၁) မှတ်ပိုင်ဆိုင်ထားပြီး လာမည့် သြဂုတ်လ (၁၁) ရက်တွင် ရတနာပုံယူနိုက်တက်အသင်းနှင့် သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here