တစ်ပတ်တာ ကာလအတွင်း ငွေကျပ် သိန်း (၂၅၀၀) ကျော် တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ရှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့

0
263

ရန်ကုန်စတော့အိတ်ချိန်း၌ တစ်ပတ်တာ ကာလအတွင်း ငွေကျပ် သိန်း (၂၅၀၀) ကျော် တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ရှစ်သောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပါတ်ထက် သုံးပုံနှစ်ပုံ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီရှစ်ခုဖြင့် အရောင်းအဝယ်ပြုလုပ်နေပြီး ဇူလိုင်(၂၉) ရက်မှ ဩဂုတ်လ (၂) ရက်အထိ တစ်ပါတ်တာကာလအတွင်း စုစုပေါင်းငွေကျပ် ၂၅၅၅၅၆၅၅၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၈၅၁၅၉ စောင်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ တစ်ပတ်တာကာလအတွင်း အရောင်းအဝယ်ပြုလုပ်သော စာရင်းများအရ First Myanmar Investment Public Co.,Ltd (FMI) မှ စတော့ရှယ်ယာအစောင်ရေ ၂၈၃၅ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၈၁၅၅၅၀၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Myanmar Thilawa SEZ Holdings Public Co.,L td (MTSH) မှ စတော့ရှယ်ယာ အစောင်ရေ ၄၄၂၉၉ စောင်မှစတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၅၆၇၉၂၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

အလားတူ Myanmar Citizens Bank Ltd (MCB)သည် စတော့ရှယ်ယာ အစောင်ရေ ၃၀၅ စောင်မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၂၅၃၁၇၀၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

First Private Bank Ltd. (FPB)သည် စတော့ရှယ်ယာ အစောင်ရေ ၂၉၁၂၉ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၅၀၈၁၀၃၅၀ နှင့် TMH Telecom Public Co.,Ltd မှ စတော့ရှယ်ယာအစောင်ရေ ၁၀၉၈ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၃၄၀၄၁၅၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Ever Flow River Group Public Co.,Ltd. (EFR) သည် စတော့ရှယ်ယာ အစောင်ရေ ၃၃၅ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၅၈၃၂၀၅၀ ၊ Amata Holding Pu blic Co.,Ltd.(AMATA)သည် စတော့ရှယ်ယာ အစောင်ရေ ၁၀၈၂ စောင်မှ စတော့ရှယ်ယာတန်ဖိုးငွေကျပ် ၄၉၈၁၁၀၀ နှင့် Myanmar Agro Exchange Public Co.,Ltd (MAE X) သည် စတော့ရှယ်ယာ အစောင်ရေ ၃၇၇၆ စောင်မှ စတော့ရှယ်ယာ တန်ဖိုးငွေကျပ် ၁၃၀၄၈၆၀၀ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here