အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်သူများကို ဘုံရန်သူအဖြစ်သတ်မှတ်ကာ အေးချမ်းမှုပြန်ရရှိအောင် ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

0
323

ရှမ်းပြည်နယ်(မြောက်ပိုင်း) အခြေအနေနှင့်အတူ နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်ကာ ပြည်သူလူထုကိုပြောကြားရာတွင် အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်သူများကို ဘုံရန်သူအဖြစ်သတ်မှတ်ကာ အေးချမ်းမှုပြန်ရရှိအောင် ဆောင်ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယနေ့ ဩဂုတ် ၅ တွင် ပြောသည်။

လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရဖြေရှင်းရန်မပြုလုပ်ဘဲ တိုက်ခိုက်မှုဖြင့် ဖြေရှင်းနေမှုများကို ယဉ်ကျေးသည့် လူအဖွဲ့အစည်းအနေဖြင့် လုံးဝလက်ခံလို့ မရခြင်းကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသကိုသာမက နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိသည် အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရှမ်းမြောက်ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနေဖြင့်လည်း လက်ရှိနေရာများတွင် လာရောက်ခိုလှုံနေသည့် ပြည်သူများ ဘေးအန္တရာယ်ကင်းရေးကို ဦးစားပေးစဉ်းစားကာ ဆုတ်ခွါခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကိုးကန့်ဒေသနှင့် လားရှိုးမြို့တို့ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ် MNDAA အသုံးပြုခဲ့သည့် ဒရုန်းများ၊ ရှော့တိုက်ဒုံးများသည် ပြည်ပပညာရှင်များ၏ အကူအညီဖြင့် အဆင့်မြှင့်ထားသည့် လက်နက်များဖြစ်သည်ကို သိရှိထားကာ တရုတ်-မြန်မာနယ်စပ်၌ရှိသည့် EAO နယ်မြေအချို့၌ လက်နက်ခဲယမ်းစက်ရုံများတည်ထောင်ထားခြင်း၊ လက်နက်ခဲယမ်း နှင့် ဖောက်ခွဲရေးပစ္စည်းများ ထုတ်လုပ်နေခြင်းကို သိရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ထိုနည်းတူ တိုင်းပြည်အတွက် အသက်စွန့် တိုက်ပွဲဝင်သွားခဲ့သည့် တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ပြည်သူ့စစ်များကိုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြုစကား ပြောကြားသွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here