နိုဘယ်လ်ဆုရ တရုတ်ရူပဗေဒပညာရှင် အသက် ၉၇ နှစ်အရွယ်၌ကွယ်လွန်

0
321

ပေကျင်း၊ဩဂုတ် ၅

၁၉၅၇ ခုနှစ်က နိုဘယ်လ်ဆုရရှိခဲ့ပြီး ထိုအချိန်က ကမ္ဘာ့ဒုတိယအသက်အငယ်ဆုံး သိပ္ပံပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် တရုတ် – အမေရိကန် ကပြား ရူပဗေဒပညာရှင် မစ္စတာ Tsung – Dao Lee သည် အသက် ၉၇ နှစ်အရွယ်၌ ဆန်ဖရန်စစ္စကိုရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားကြောင်းသိရှိရသည်။

မစ္စတာလီသည် ၁၉၆၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားအဖြစ်ခံယူခဲ့ပြီး နူးယော့ခ်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခလည်းဖြစ်ခဲ့သည်။

အဏုမြူဗုံး၏ဖခင်အဖြစ်လူသိများသော မစ္စတာ ရောဘတ် အော့ပန်ဟိုင်းမား သည် တခါက မစ္စတာလီကို သီအိုရီပိုင်းတွင် အထူးချွန်ဆုံး ရူပေဗဒ ပညာရှင်အဖြစ်ချီးကျူးခဲ့ဖူးသည်။

မစ္စတာလီကို ၁၉၂၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့၌ ရှန်ဟိုင်းတွင်မွေးဖွားခဲ့ပြီး သားသမီးခြောက်ဦးအနက် တတိယမြောက်သားဖြစ်သည်။

၎င်းသည် ရှန်ဟိုင်း၌ အထက်တန်းကျောင်းတက်ခဲ့ပြီး Guizhou ပြည်နယ်ရှိ National Chekiang တက္ကသိုလ်နှင့် ယူနန်ပြည်နယ်ရှိ National West Associated တက္ကသိုလ်တို့တွင်တက်ရောက်ပညာသင်ကြားခဲ့ပြီးနောက် ဒုတိယနှစ်အရောက်တွင် တရုတ်အစိုးရကပေးအပ်သည့် အမေရိကန်ပညာတော်သင်ဆုကိုလည်းရရှိခဲ့သူတစ်ဦးဖြစ်သည်။

ထို့နောက်တွင် အဆင့်ဆင့်ဆက်လက်လေ့လာခဲ့ရာမှ ၁၉၅၇ ခုနှစ်တွင် နိုဘယ်လ်ဆုကိုချီးမြှင့်ခံရခြင်းဖြစ်သည်။

Source : South China Morning Post


LEAVE A REPLY

Please enter your comment!
Please enter your name here